APM၊ ဂျူလိုင် ၁၇/ ၂၀၂၃
မြန်မာ့နွီဦးတော်လှန်ရီးသည် လူပုဂ္ဂိုလ် တဦးတယောက်ကို အခြီပြုထားခြင်းမဟုတ်ဘဲ နိုင်ငံရီးမူ ကို အခြီပြုသည့် တော်လှန်ရီးဖြစ်ကြောင်း အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရီးကော်မတီ (GSCC) က ဒေနိ(ဂျူလိုင် ၁၇)ရက်နိတွင် ထုတ်ပြန်သည်။
ပြီးခသည့် ရက်ပိုင်းက အင်ဒိုနီးသျှားနိုင်ငံ၌ ပြုလုပ်ခသည့် အာဆီယံနိုင်ငံခြားရီးဝန်ကြီးများအစည်းအဝေးတွင် ထိုင်း ဒုဝန် ကြီးချုပ်လေ့ဖြစ် နိုင်ငံခြားရီးဝန်ကြီးလေ့ဖြစ်သည့် Mr. Dom Pramudwinai က ၎င်းအနီနန့် နီပြည်တော်တွင် ဒေါ်အောင် ဆန်းစုကြည်နန့်တွိဆုံခကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည့်နောက်ပိုင်း GSCC က အဂုပိုင်ကြေညာချက်ထုတ်လာခြင်း ဖြစ်သည်။
အဆိုပါတွိဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က NUG နန့် PDFကို အသိအမှတ်မပြုကြောင်း သဘောထားပီးခသည်ဟု ဂျပန် သတင်းဌာနတခုဖြစ်သည့် Pan Orient News က ဖော်ပြထားသည်။
ယင်းကိစ္စရပ်နန့် စပ်လျဉ်း၍ GSCCက နွီဦးတော်လှန်ရီးသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နန့်အညီ မူ အားဖြင့် အခိုင်အမာ တော်လှန်နီခြင်းဖြစ်ပြီး လူတဦးတယောက်အပေါ် အခြီပြုထားခြင်းမဟုတ်ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။
GSCC၏ထုတ်ပြန်ချက်၌ ထိုင်းနိုင်ငံခြားရီးဝန်ကြီးသည် ပုဂ္ဂိုလ်အခြီပြုဓလိစွဲ ကိုင်ကာ မြန်မာပြည်အရေးအား အာဆီယံအဖွဲ့ အတွင်းထည့်သွင်းခကြောင်း၊ လူပုဂ္ဂိုလ် အခြီပြုမဟုတ်ဘဲ နိုင်ငံရီးမူ အခြီပြု စွန့်လွှတ်အနစ်နာခံ ပီးဆပ်မှုများစွာနန့် တော် လှန်နီကတ်သည့် နွီဦးတော်လှန်ရီးကို လျစ်လျူရှုကာ နိုင်ငံရီးအရ သွီးခွဲရန် ကြံစည်ကြိုးစားခကြောင်းဆိုထားသည်။
မြန်မာ့အရေးအတွက် အဓိကဖြေယှင်းရမည့် အကြောင်းအရင်းသည် ကိုယ်ပိုင်လက္ခဏာနောက်ခံ စုံလင်ကွဲပြားစွာ တည်ဟိ နီသည့် အစုများအကြား တရားမျှတရီး၊ အခွင့်တူညီမျှရီးနန့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟိသည့် ပြည်ထောင်စု မတည်ဆောက်နိုင် ခြင်းကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရီးအကျပ်အတည်းဟု ဖော်ပြထားသည်။
ယင်းကဲ့သို့ နိုင်ငံရီးအရဖြေယှင်းနိုင်မှု မဟိခြင်းကြောင့် ပြည်တွင်းစစ်ဖြစ်လာရသည့် အခြေအနီတွင် နိုင်ငံရီးပဋိပက္ခနန့် စစ်ရီး ပဋိပက္ခ ကို သီးခြားခွဲထုတ်၍ ရှုမြင်ခြင်းသည် လုံးဝမှားယွင်းသည့် ရှုမြင်မှုဖြစ်သည်ဟု ထောက်ပြသည်။
ယင်းကြောင့် အာဆီယံအဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနန့် နိုင်ငံတကာအနီနန့် မြန်မာ့အရေးဖြေယှင်းရန် ကူညီဆောင်ရွက် ရာ၌ နွီဦးတော်လှန်ရီးဆင်နွှဲနီသည့် မြန်မာပြည်သူလူထု၏သဘောဆန္ဒနန့်အညီရာ ဖြစ်ရမည်ဖြစ်ပြီး၊ ကိုယ်ပိုင်သဘောထား သက်သက်ဖြင့် မလိုလားအပ်ဘဲ အခြေအနီကို ပိုမိုယှုပ်ထွီးစီသည့် ကြံစည်ကြိုးပမ်းမှုများအား လုံးဝ မလုပ်ဆောင်ကတ်ရန် ပြင်းထန်စွာ သတိပီးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရီးကော်မတီ (GSCC)ကို စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကိုဆန့် ကျင်သည့်ဆန့်ကျင်ရီးသပိတ်အင်အားစု ကွန်ရက် ၃၇ ဖွဲ့ဖြင့် ၂၀၂၁ ခုနှစ်၊ မာ့ချ်လတွင် စတင်ဖွဲ့စည်းခသည်ဟု သိရသည်။
Photo – GSCC