
APM၊ ဂျူလိုင် ၁၇ / ၂၀၂၃
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖွန်ပြည်နယ်၊ ဆဝီမြို့နယ်၊ နာဆက်ကျေးရွာအုပ်စု၊ ဘန်တလတ်ကျေးရွာ၊ မူထိ(၁၉) မှာ ဂျူလိုင် ၁၆ ရက်နိက ထိုင်းနိုင်ငံသား ရာဘာခြံပိုင်သျှင် ၁ ယောက်နန့် မြန်မာ လုပ်သား ၃ ယောက် သီနတ်နန့် ပစ်သတ်ခံရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း အသက် ၃၀ ကျော်မှ အသက် ၅၀ ကျော်အရွယ်ဟိ ရာဘာခြံလုပ်သား မြန်မာပြည်သား ၃ ယောက်နန့် အသက် ၆၁ နှစ် အရွယ်ထိုင်းနိုင်ငံသား ၁ ယောက် သီနတ်ဒဏ်ရာများနန့် သီဆုံးနီခြင်းဖြစ်သည်။
အိမ်ပိုင်သျှင် Mr. Prayong Somnukနန့်မြန်မာ အလုပ်သမား ၃ ယောက်ရို့မှာ အိမ်နောက်ဖက်၌ သီဆုံးနီကတ်ပြီး မီးလောင် ကျွမ်းနီသည့် ဆိုင်ကယ်တစီး၏ ဘေးတွင် ခွီးတကောင်လေ့ ပစ်သတ် မီးတိုက်ခံထားရသည်ကို တွိရကြောင်း ဆဝီမြို့နယ် Nasak ရဲစခန်းမှ ရဲမှူးကြီး Chakra Saowakon က ပြောသည်။
စုံစမ်းစစ်ဆီးချက်အရ အဆိုပါ ဘန်တလတ်ကျေးရွာတွင် ရာဘာခြံပိုင်သျှင် Mr. Prayong Somnukသည် ရာဘာခြံ ချင်းကပ်လျက်ဟိသူ ထိုင်းလူမျိုးနန့် ရန်ငြိုးဖွဲ့ အပြန်အလှန် စကားများပြီး မြန်မာအလုပ်သမားကို ရာဘာခိုးသည်ဟု စွပ်စွဲကာ အကြိမ်ကြိမ် ဖိနှိပ် ခြိမ်းခြောက် နှင်ထုတ်ခကြောင်း သိရသည်။
သီနတ်ရှည်တလက်ကိုင်ဆောင်ထားသည့် သီနတ်သမားသည် သီဆုံးသူ၏ နီအိမ်အတွင်းသို့ဝင်ရောက်ကာ မြန်မာ လုပ်သားများအား တယောက်ချင်း ပစ်သတ်ခပြီး အခင်း ဖြစ်ပွားရာကို မြင်ရသဖြင့် ထွက်ဗြီးရန်ကြိုးစားသည့် Mr. Prayong ကိုလေ့ သီနတ်သမားက အချက်ပေါင်း များစွာလိုက်လံပစ်ခတ်သတ်ဖြတ်ပြီးနောက် အိမ်သျှင်၏ ကားကိုပါ မောင်းနှင် ထွက်ဗြီးလွတ်မြောက်လားခ၍ ဆ၀ီမွို့ နယ်၊ Nasak ရဲတပ်ဖွဲ့ဝင်များက ခြီရာခံ ဖမ်းဆီးရဟိနိုင်ရီး အပူတပြင်း ကြိုးပမ်းလျက်ဟိကြောင်းသိရသည်။
Ref – Rubber plantation horror: Hunt underway for murderer of Thai and Burmese victims/ Thaiger
Photo Thailand Post
