
APM ၊ ဂျူလိုင် ၁၇ / ၂၀၂၃
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ဂျူလိုင် ၁၅ ရက်နိညည့်က မြန်မာပြည်က်မှ သွင်းလာသည့် ရူပီးငွေ သန်း ၃၀၀ဖိုးဟိ မူးယစ်ဆီးဝါးများကို လူ ၆ယောက်နန့်တတူ ဖမ်းဆီးရမိခကြောင်း အာဏာပိုင်များက ဂျူလိုင် ၁၆ရက်နိတွင် သတင်းထုတ်ပြန်သည်။
အာသံရိုင်ဖယ်တပ်ရင်း၊ မူးယစ်ဆီးဝါးတားဆီးနှိမ်နင်းရီးတပ်ဖွဲ့က အိုက်ဇောမြို့နယ်၊ ဆိုက်ရှယ်ကျေးရွာမှ မူးယစ်ဆီးဝါး ရောင်းဝယ်လူ ၂ယောက်ကို ဘိန်းဖြူ ၅.၁၁၄ ကီလိုဂရမ်နန့်တတူ ဖမ်းဆီးရမိခသည်ဟု သိရသည်။
အလားတူ မီဇိုရမ်ရဲတပ်ဖွဲ့ကလေ့ ချန်ဖိုင်းခရိုင်မှ ဂိတ်တခုတွင် ကားတစီးကိုစစ်ဆီးရာ ဘိန်းဖြူ ၁ ဒသမ ၃၇၃ ကီလို ဂရမ်နန့် အမျိုးသမီး၁ ယောက်နန့် အမျိုးသား ၂ယောက်ကို ဖမ်းဆီးရမိခသည်ဟု ဆိုသည်။
ယင်းအပြင် အာသံ ရိုင်ဖယ်နန့် မီဇိုရမ် ရဲတပ်ဖွဲ့ရို့သည် ချန်ဖိုင်းခရိုင်အတွင်းဟိ ဇို့ကျေးရွာလမ်းမထက်တွင် ကားများကို စစ်ဆီးနီစဉ် အမျိုးသား၁ယောက်ကို ဘိန်းဖြူ ၇၃ဂရမ်နန့် ဖမ်းဆီးရမိခသည်။
စုစုပေါင်းဖမ်းဆီးရမိခသည့် မူးယစ်ဆီးဝါးများ၏ တန်ဖိုးသည် ရူပီးငွေ သန်း ၃၀၀ လောက်ဟိပြီး အဆိုပါမူးယစ်ဆီးဝါး များကို မြန်မာပြည်ဖက်မှ ခိုးသွင်းလာခြင်းဖြစ်ကြောင်း၊ မြန်မာပြည်မှ ဝင်ရောက်လာသည့် မူးယစ်ဆီးဝါးပြဿနာသည် အိန္ဒိယနိုင်ငံအတွက် စိုးရိမ်ရသည့် အဓိကအကြောင်းတရပ်ဖြစ်နီကြောင်း အာသံရိုင်ဖယ်က ဆိုသည်။
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အန်ဘီယန်ဆင်းဂ်က မူးယစ်ဆီးဝါးဖမ်းဆီးရမိမှုများ ပိုများလာသည့်အတွက် စိုးရိမ်ပူပန်မိ ကြောင်း နန့် အာဏာပိုင်များအနီနန့် မူးယစ်ဆီးဝါးအန္တရာယ်ကို စည်းလုံးညီညွတ်စွာ တိုက်ဖျက်ကတ်ရန် တိုက်တွန်းထား သည်။
Source – Drugs, foreign cigarettes valued at Rs 29.43cr seized in Mizoram/ The Morung Express
Photo The Morung Express
