
APM ၊ ဂျူလိုင် ၁၇ / ၂၀၂၃
ရက္ခိုင့်တပ်တော် AAနန့် ဆက်သပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီးတရားစွဲဆိုထားသည့် ဘူးသီးတောင် မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရီးမှူးနှစ်ယောက်အား ဂျူလိုင် ၁၄ ရက်နိတွင် ဘူးသီးတောင်မြို့နယ်တရားရုံးမှ မတရားအသင်းဆက်သွယ် မှုဥပဒေပုဒ်မ ၁၇(၁)(၂)နန့် စွဲချက်တင်လိုက်ကြောင်း သိရသည်။
အဆိုပါ အုပ်ချုပ်ရီးမှူးနှစ်ယောက်မှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦး ဦးကျော်လှနန့် မီးကျောင်း ဈီးရွာ အုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်းရို့ဖြစ်သည်။
၎င်းရို့ကို ပြီးခသည့် ဂျူလိုင် ၁၄ ရက်နိ ရုံးချိန်း၌ AA ကို ဆက်သွယ်ထောက်ပံ့သည်ဟုဆိုကာ ပုဒ်မ ၁၇(၁)(၂)ရို့နန့် ဘူးသီးတောင်မြို့နယ်တရားရုံးက စွဲချက်တင်လိုက်ခြင်းဖြစ်သည်။
ပြီးခသည့် ၂၀၂၂ ခုနှစ် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာ စစ်တပ် ခလရ (၂၃၄) တပ်ရင်းမှ ဘူသီးတောင်မြို့နယ်ဟိအုပ်ချုပ်ရီးမှူး၁၂ယောက်အားတွိဆုံရန်ခေါ်ယူခပြီးနောက်ယင်းအထဲမှတပ်မင်းချောင်းရွာအုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးအုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်း ရို့နှစ်ယောက်ကို ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်သည်။
ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု စွပ်စွဲကာ အုပ်ချုပ်ရီးမှူးနှစ်ယောက် စလုံးအား ဘူးသီးတောင်အခြီစိုက် စရဖတပ် မှ ဗိုလ်ကြီး နေမင်းဦးက တရားလိုလုပ်၍ ပုဒ်မ ၁၇(၁) (၂)နန့် တရားစွဲဆိုထား ခြင်းဖြစ်သည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင်အကျဉ်းထောင်၊ ထောင်ချုပ်၌ ထိန်းသိမ်းချုပ်နှောင် ထားပြီး လာမည့်ဂျူလိုင်၂၅ ရက်နိသို့ ရုံးထပ်ချိန်းထားကြောင်း သိဟိရသည်။
