APM၊ ဂျူလိုင် ၁၇/၂၀၂၃
အေရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရသေ့တောင်မြို့ထက်က စစ်ဖီးယှောင်စခန်းတချို့တွင် ရီနစ်မြုပ်ကာ နီထိုင်ရီးအခက်ကြုံနီရကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်က စေတီတောင် အရှိ စစ်ဖီးယှောင်စခန်း၊ စေတီတောင်အနောက် စစ်ဖီးယှောင်စခန်းနန့် သီရိဓမ္မာရုံကျောင်းစခန်းရို့မှာ အေဂုရက်ပိုင်းအတွင်း မိုးကြီးရီနစ်မြုပ်မှုဒဏ်ကို ခံနီကတ်ရပြီး နီထိုင်ရီး များစွာအခက်ကြုံနီကတ်ရခြင်းဖြစ်သည်။
အဆိုပါစီဖီးယှောင်စခန်း ၃ ခုပေါင်း အိမ်ထောင်စု ၆၀၀ လောက်နန့် လူဦးရေ ၃၀၀၀ ကျော်ဟိပြီး၊ မိုးများမှုကြောင့် စခန်းများအတွင်း ရီ ၃ ပေခန့်နစ်မြုပ်နီ၍ ကုန်းမြင့်မှအိမ်များနန့် နီးစပ်ရာဘုန်းကြီးကျောင်းများတွင် ယာယီရွှိ ပြောင်းခိုလုံနီကတ်ရသည်ဟု သိရသည်။
စစ်ဖီးယှောင်စခန်း ၃ လုံးမှာ မုန်တိုင်းကြောင့် ပြိုပျက်ခရပြီးနောက် တာပေါ်လင်စများဖြင့် ယာယီအဆောင်များ ဆောက်လုပ်နီထိုင်ကတ်ရခြင်းဖြစ်သည်။
ဒေဂု မိုးရီနစ်မြုပ်မှုကြောင်လေ့ ယာယီရွှိပြောင်းနီထိုင်နီကတ်ရပြီးနောက် စားသောက်နီထိုင်ရီးမှာ တပူပေါ်နှစ်ပူဆင့် အခက်ကြုံနီကတ်ရသည်ဟု စစ်ဖီးယှောင်များက ဆိုသည်။
ယင်းစစ်ဖီးယှောင်များမှာ ရသေ့တောင်မြို့နယ်များမှဖြစ်ကတ်ပြီး၊ ၂၀၁၈ – ၂၀၁၉ ကာလနန့် တကျော့ပြန် တိုက်ပွဲကာလ အတွင်းများမှ ရပ်ရွာစွန့်ကာ လာရောက်ခိုလုံ နီထိုင်လာခြင်းဖြစ်ကြောင်း သိရသည်။