
APM၊ ဂျုန် ၁၇ /၂၀၂၃
ရက္ခိုတွင် ဂျုန် ၁၆ ရက်နိ တရက်အတွင်း မိုးကြိုးပစ်ခံရ၍ ဒေသခံပြည် ၄ ယောက်သီဆုံးကာ ၁ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရလားကြောင်း သိရသည်။
သီဆုံးလားသူများမှာ မြောက်ဦးမြို့နယ်က ၁ ယောက်၊ ပုဏ္ဏားကျွန်းမြို့ နယ်က ၂ ယောက်နန့် မင်းပြားမြို့နယ်က ၁ ယောက် ဖြစ်ပြီး၊ ဒဏ်ရာရလားသူ ၁ ယောက်မှာ ကျောက်တော်မြို့နယ်ကဖြစ်သည်။
မြောက်ဦးမြို့နယ်က သီဆုံးလားသူမှာ သူငယ်တော်ရွာမှ ဦးအေးသိန်းထွန်း(ခ) ပေါ်ဆန်း(၄၅နှစ်) ဖြစ်ပြီး သူသည် ဂျုန် ၁၆ ရက်နိ ညဇာ ၄ နာရီခွဲလောက်က ရွာအပြင်ချောင်းစပ်၌ ကဏန်းရှာနီစဉ် မိုးကြိုးပစ်ခံရ၍ သီဆုံးလားသည်။
ပုဏ္ဏားကျွန်းမြို့နယ်က သီဆုံးလားသူ ၂ ယောက်မှာ ဝက်ဖြူပြင်ရွာမှ ဦး လုံးချေ (၂၇နှစ်)နန့် မှင်းဇီချောင်းရွာမှ ဒေါ်ခိုင်ဇာ နည်ဝင်း(ခ)မဲညို (၂၉ နှစ်)ရို့ဖြစ်ကတ်ပြီး ၎င်းရို့နှစ်ယောက်စလုံးသည် ဂျုန် ၁၆ ရက်နိ ညဇာ ၃ နာရီကျော်က မိမိရပ်ရွာ အသီးသီး၌ လယ်ယာလုပ်ငန်းလုပ်ကိုင်နီစဉ် မိုးကြိုးပစ်ခံခရခြင်းဖြစ်သည်။
မင်းပြားမြို့နယ်ကတယောက်မှာတော့ ပန်းမြောင်းရွာမှ ကိုအောင်သိန်းချေ(၁၉နှစ်)ဖြစ်ကာ ကိုအောင်သိန်းချေသည် ပုဏ္ဏား ကျွန်းမြို့နယ်၊ မှင်းဇီချောင်းရွာတွင် လယ်အငှားလုပ်ကိုင်နီသူဖြစ်ပြီး ဂျုန် ၁၆ ရက်နိညဇာ ၃ နာရီကျော်က လယ်ပိုင်သျှင် ဒေါ်မဲညိုနန့်အတူ လယ်ယာလုပ်ကိုင်နီစဉ် မိုးကြိုးပစ်ခံရကာ သီဆုံးခခြင်းဖြစ်သည်။
ယင်း ဂျုန် ၁၆ ရက်နိညဇာ ၃ နာရီလောက်မှာပင် ကျောက်တော်မြို့နယ်၊ အောင်ဇေယျရွာတွင်လေ့ လယ်ကမ်းသင်းဆည်နီ စဉ် မိုးကြိုးပစ်ခံရ၍ အသက် (၄၃) နှစ်အရွယ် ဒေါ်ရွှီမြစိန် ဆိုသူ အမျိုးသမီးတယောက် ပြင်း ပြင်းထန်ထန် ဒဏ်ရာရ လား ခသိမ့်ကြောင်း သိရသည်။
ရက္ခိုင်တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းကုန်ခသည့်မေ ၃၀ ရက်နိကနီ ဂျုန် ၁၆ ရက်နိအတွင်း မိုးကြိုးပစ်ခံရမှုကြောင့် သီဆုံးသူ ၁၁ ယောက်နန့် ဒဏ်ရာရသူ ၂ ယောက်အထိဟိလာသည်။
မိုးလီဝသနန့်ဇလဗေဒဦးစီးဌာန(မိုး/ဇလ) ကတော့ ရက္ခိုင်တွင် မိုးတိမ်တောင်များဖြစ်ထွန်းနီပြီး၊ ယင်း မိုးတိမ်တောင်များ ရွိလျားရာနီရာတလျှောက် မိုးရွာသွန်းခြင်းနန့်အတူ လီပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက် ခြင်းနန့် မိုးသီးကြွီခြင်းစသည့် မိုးလီဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
