
(ဂျူလိုင် ၁၀ ရက်နိမှ ၁၆ ရက်နိ အထိ)
၁။ ၁၀-၇-၂၀၂၃(တလင်းလာ)
(၁) မြန်မာစစ်တပ်ဖမ်းဆီးလားပြီး မြန်မာပြည်ဆူပူလှုဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (က) နန့် တရားစွဲခံထားရသည့် သံတွဲခရိုင် အထွေထွေ အုပ်ချုပ်ရီးဦးစီးဌာက အကြီးတန်းစာရီး ဦးဝင်းမောင်မောင်ဖြိုး ဂျူလိုင် ၇ ရက်နိက သံတွဲခရိုင်တရားရုံးမှ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။
(၂) ဂျူလိုင် ၁၀ ရက်နိမိုးထ ၉ နာရီလောက်ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တောင် ကြိုးတန်းထားထက်ကပြုတ်ကျ၍ ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီရင်းရွာက ဦးထွန်းလှ(၄၆ နှစ်) ရီမြုပ်သီဆုံးလားသည်
(၃) ကျောက်ဖြူမြို့၊ င/လပွိချောင်း၌ ရီနစ်ပျောက်ဆုံးနီသည့် ကျောက်ဖြူမြို့၊ င/လပွိရပ်ကွက်က မောင်ညီကိုဝင်း(၁၃ နှစ်)နန့် မောင်ငွေမင်းဦး(၁၅ နှစ် )ရို့၏ ရုပ်အလောင်းကို ဂျူလိုင် ၁၀ ရက်နိ မိုးထက ရှာတွိခသည်။
၂။ ၁၁-၇-၂၀၂၃(အင်္ဂါ)
ရက္ခိုင့်တပ်တော်(AA)နန့်ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးတရားစွဲခံထားရသည့် ဆားပြင်ရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်၊ မအီမြိုမှ ကိုသန်းဇော်ဌေး နန့် ကိုသန်းဇော်ဇော် ရို့ကို ဂျူလိုင် ၁၁ ရက်နိတွင် အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေပုဒ်မ ၅၂ (က)နန့် တောင်ကုတ်မြိုနယ်တရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်။
၄။ ၁၂-၇-၂၀၂၃(ဗုဒ္ဓဟူး)
မြန်မာစစ်တပ်ကဖမ်းယူလားခပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)စသည့် ပုဒ်မနှစ်ခုနန့် တရားစွဲ ခံထားရသည့်ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဦးလှမောင်သန်း (၄၃နှစ်) ဆန်စက်ပိုင်သျှင်အမှုတွင် တရားလို ဖက်မှ အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းလားရောက်ခြင်းမဟိ၍ ရုံးချိန်းအကြိမ်ကြိမ် ရွှိဆိုင်းခံနီရသည်။
၅။ ၁၃-၇-၂၀၂၃ (ကြာသပတီး)
မင်းပြားအခြီစိုက်မြန်မာစစ်တပ်တိုင်းဗဟို( ၉)မှ ဂျူလိုင် ၁၃ ရက်နိမိုးထ ၁၀နာရီလောက်က လက်နက်ကြီးများ ပစ်ခတ်ခသည်။
၆။ ၁၄-၇-၂၀၂၃(သောကြာ)
(၁) ဂျူလိုင် ၁၄ ရက်နိသည် Mocha ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခသော နှစ်လပြည့်နိဖြစ်ပြီး ယင်းနှစ်လတာကာလ အတွင်း ပျက်စီးဆုံးယှုံးမှုများအားလုံး၏ ၇၅ ရာခိုင်နှုန်းမှာ အမိုးအကာအောက်သို့ရောက်ဟိပြီးဖြစ်ကြောင်း Mocha ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချထားရီးကော်မတီ Cyclone Mocha ERRCA က ဂျူလိုင် ၁၄ ရက်နိတွင် ထုတ်ပြန်သည်။
(၂) Mocah ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိလိုက်ပျက်စီးမှုများဖြစ်ပေါ်ခသည့် ရက္ခိုင်မြို့နယ် (၁၇) မြို့နယ်အား သဘာဝဖီး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု နည်းဥပဒေပုဒ်မ (၂၆) အရ သဘာဝဖီးအန္တရာယ် ကျရောက်သည့် ဒေသများအဖြစ် ၂ လထပ်တိုးသတ်မှတ်ကြောင်း စစ်ကောင်စီက ဂျူလိုင် ၁၄ ရက်နိတွင် ထပ်မံကြေညာသည်။
၇။ ၁၅-၇-၂၀၂၃ (စနီ)
(၁) ရက္ခိုင်ပြည်မြို့နယ်များတွင် ဒေနှစ်ဂျန်နဝါရီလမှ ဂျုန် ၃၀ ရက်နိအထိ ခြင်မှတဆင့်ကူးစပ်သည့် သွီးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သူ ၄၀၀ ကျော်ဟိခရာမှ ဂျူလိုင် ၁၃ ရက်နိတွင် အယောက် ၅၀၀ ကျော်ထိများပြားလာကာ သီဆုံးသူ ၆ ဦးအထိ ဟိလာသည်။
(၂) မင်းပြားမြို့နယ်၊ စွန်ရဲရွာမှ ဒေါ်ဆန်းဆန်းဌေး(ခ)မဲမ (၄၅ နှစ်)ဂျူလိုင် ၁၄ ရက်နိက ရီမြုပ်သီဆုံးလားသည်။
၈။ ၁၆-၇-၂၀၂၃ (တလင်းဂနီ)
(၁) POSCO International ကုမ္ပဏီနန့် ရွှိရောင်မေတ္တာဖောင်ဒေးသျှင်းရို့ပူးပေါင်းပြီး ဆန်အိတ် ၆ ထောင်နန့် အိမ်မိုးသွပ်ပြား ၆ ထောင်ကိုမုန်တိုင်းဒဏ်သင့် ရက္ခိုင်ပြည်သူများသို့ လှူဒါန်းသည်။
(၂) မုန်တိုင်းကြောင်း စခန်းတခုလုံးပျက်စီးဆုံးယှုံးခရသည့် ကျောက်တော်မြို့နယ်၊သဲပုံစစ်ဖီးယှောင်စခန်းတွင် စားနပ်ရိက္ခာနန့် အမိုး အကာများအရေးတကြီး လိုအပ်နီသည်။
