
APM၊ ဂျုန် ၁၇ /၂၀၂၃
မုန်တိုင်းဒဏ်ခံခရသည့် မြေပုံမြို့နယ်မှ ကျေးရွာတချို့တွင် လတ်တလော အရေးပေါ်လို အပ်လျက်ဟိသည့် အမိုးအကာနန့် စားနပ်ရိက္ခာများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က ကူညီထောက်ပံ့ပီးနီကြောင်းသိရသည်။
ရက္ခိုင်တွင် မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် MOCHA ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြေပုံမြို့နယ်မှ ရပ်ရွာများအပြင် တခြားမုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတလျှောက်ဟိ မြို့/ရွာအများအပြားပျက်စီးခရသည်။
အဆိုပါ မုန်တိုင်းသင့်ဒေသအများစုတွင် မုန်တိုင်းတိုက်ပြီး တလကျော်ကြာသည်အထိ အရေးပေါ်အကူအညီတချို့ရဟိကေ လေ့ လုံလုံလောက်လောက်မရဟိ၍ အခက်ကြုံနီကတ်ရပြီး ULA/AA က ယင်းကျေးရွာများသို့လားရောက်လျက် လတ် တလောအရေးပေါ်လိုအပ်နီသည့် အမိုးအကာနန့်စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပီးနီခြင်းဖြစ်သည်။
ရက္ခိုင်တွင် MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျေးရွာပေါင်း ၂၀၆၈ ရွာနန့် နီအိမ်ပေါင်း ၂၈၈၅၃၀ ပျက်စီးခရကာ အာရက္ခပြည်သူပေါင်း ၁၅၄၇၇၆၁ ယောက် မုန်တိုင်းဒဏ်သင့်ခသည်။
ယင်းအထဲမှ လီဖီးသင့်ပြည် ၃၀ ရာခိုင်နှုန်းရာအရေးပေါ် အကူအညီ ရဟိထားပြီး ကျန် ၇၀ ရာခိုင်နှုန်းအတွက် အရေးပေါ် အကူအ ညီများ လိုအပ်နီဆဲဖြစ်ကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရီးနန့် ပြန်လည် နီရာချထားရီးကော်မတီ(Cyclone Mocha ERRCA)က ထုတ်ပြန်ထားသည်။
Photo-ABN
