
APM၊ ဂျုန် ၁၇ / ၂၀၂၃
မြန်မာ့အရေး အမေရိကန်နိုင်ငံခြားရီးဝန်ကြီး အန်တိုနီဘလင်ကင်နန့် စင်ကာပူနိုင်ငံခြားရီးဝန်ကြီး ဗီဗီယန် ဘာလာ ခရစ်ချ်နန်ရို့ ဂျုန် ၁၆ရက်နိက အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ တွိဆုံဆွေးနွေးခကတ်ကြောင်း သိရသည်။
ဆွေးနွေးမှုအတွင်း မြန်မာ့နိုင်ငံရီးအခြေအနီသည် စစ်အာဏာသိမ်းပြီးချိန်မှစ၍ တိုးတက်မှုမဟိသိမ့်သည့်အတွက် အာဆီယံထိပ်သီး အစည်း အဝေးနန့် အာဆီယံနိုင်ငံခြားရီးဝန်ကြီးအဆင့် တွိဆုံပွဲများတွင် မြန်မာတက်ရောက်ခွင့် ကို ဆက်လက် ရပ်ဆိုင်းထားရန် အတည်ပြုခကတ်သည်ဟု စင်ကာပူနိုင်ငံခြားရီးဝန်ကြီး က သတင်းစာယှင်းလင်းပွဲတွင် ပြောကြားခသည်။
ယင်းအပြင် မြန်မာ့အရေး အာဆီယံမှချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ချက်သည်လေ့ တခုလေ့တိုးတက်မှု မဟိသည့်အတွက် လက်ဟိတွင် အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးသျှားသည် မြန်မာစစ်တပ်၏ အတိုက် အခံ အင်အားစုများ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနန့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနီကြောင်းလေ့ ၎င်းက ဆိုသည်။
အမေရိကန်နိုင်ငံခြားရီးဝန်ကြီး အန်တိုနီဘလင်ကင်ကလေ့ မြန်မာ့အရေးအတွက် အာဆီယံ၏ ကြိုးပမ်းမှုများကို ထောက်ခံ ကြောင်း၊ မြန်မာစစ် တပ်ကို ဖိအားများဖြင့် ဆက်ထိန်းထားရန်နန့် အတိုက်အခံများနန့် ထိတွိဆက်ဆံရီးသည် အရေးကြီး ကြောင်း ပြောဆိုခသည်။
ယင်းအပြင် မြန်မာစစ်တပ်နန့် ဆက်နွယ်နီသည့် ကုမ္ပဏီများကို အမေရိကန်က ဒဏ်ခတ်အရေးယူနီပြီး တခြားနိုင်ငံများက လေ့ မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှုများ မပြုလုပ်ကတ်ရန် တိုက်တွန်းတောင်းဆိုခသည်။
ယင်းနောက် မြန်မာစစ်တပ်အတွက် ဒေါ်လာသန်း ၂၅၀ ကျော်တန် စစ်လက်နက်ပစ္စည်းများကို စင်္ကာပူမှတဆင့် တင်ပို့နီကြောင်း ကုလအထူးကိုယ်စားလှယ်၏ အစီရင်ခံစာနန့်ပတ်သက်၍ အန်တိုနီဘလင်ကင်က မိန်းမြန်းခရာ စင်္ကာပူဝန်ကြီးချုပ်က ၎င်းရို့၏ အစိုးရ မူဝါဒဖြစ်သည့် စစ်လက်နက်ဆိုင်ရာ ကန့်သတ်တားမြစ်မှုများအတိုင်း ဆောင်ရွက်နီကြောင်း ပြန်လည်ပြောကြားခသည်။
Source – Blinken, Singapore foreign minister share pessimism on situation in Myanmar/ Reuters
Photo – Reuters
