APM၊ ဂျုန် ၁၇/၂၀၂၂
စစ်တွေမြို့နယ်တွင် မူဆလင်များကို စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးလျက် လူမဆန်စွာနှိပ်စက်၍ ခြိမ်းခြောက် ငွေညှစ်မှုများမှာ အယင်ကထက် ပြင်းထန်လာနီကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့နယ်မှာ ဘောဒူဖရွာနန့် ယင်းရွာနားဟိ“အုန်းတောကြီးကယ်ဆယ်ရီးစခန်း”အပါအဝင် အနား တဝိုက်က မူဆလင်ရွာများသို့ မှန်စီဘုန်းကြီးကျောင်း၌တပ်စွဲနီထိုင်သော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဟိန်းထက်ဇော် ဆိုသူ ဦးဆောင်သည့်စစ်ကြောင်းမှ နိစဉ်နိတိုင်းလာရောက်၍ မူဆလင်ရွာသားများကို မတရားဖမ်းဆီး၊ လူမဆန်စွာ ရိုက်နှက်သတ်ပုတ် အနိုင်ကျင့် ကာ ငွေညှစ်မှုများ ပြုလုပ်နီသည်ဟု ဆိုကတ်သည်။
ကုန်ခသည့် ဂျုန် ၁၅ ရက်နိက စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ဟိန်းထက်ဇော် ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ပါ စစ်ကြောင်းတခုသည် ဘောဒူဖရွာသို့ ဝင်ရောက်လာပြီး ရွာသား ၆ ယောက်ကို အကြမ်းပတမ်း ဖမ်းဆီး ရိုက်နှက် ခေါ်ဆောင်လားကာ “မှန်စီဘုန်းကြီးကျောင်း”တွင် ညှည်းပမ်းနှိပ်စက်၍ ငွေတောင်းခံခသည်။
ဖမ်းဆီးခံရသူများမှာ ဦးဂျာဘဲရ်(၄၂) နှစ်၊ ဘီလီချေ (၄၅) နှစ်၊ ဦးအူမော်ဟာကိမ်း (၃၈) နှစ်၊ ဦးအဒူရော်ကိမ်း (၄၅) နှစ်၊ ကိုမာမောက်တော်ယု (၂၈) နှစ် နန့် ကိုမာမောက်ကာဆိန်း(၂၇)နှစ်ရို့ဖြစ်ကတ်ပြီး၊ တရက်ကြာ လူမဆန်စွာ အားရပါးရ ရက်ရက် စက်စက် ဝိုင်းဝန်းနှိပ်စက်ပြီးနောက် ဂျုန် ၁၆ ရက်နိမှာ ၅ ယောက်ကိုပြန်လွှတ်၍ ဘီလီချေ (၄၅)နှစ် ကို ပြန်မလွှတ်သိမ့်ဘဲ “မှန်စီဘုန်းကြီးကျောင်း”တွင် ဆက်လက် ညှည်းပမ်းနှိပ်စက်နီကြောင်း သိရသည်။
အတည်မပြုနိုင်သိမ့်သော သတင်းများအရ ပြန်လွတ်လာသူများမှာ ဗိုလ်ကြီးဟိန်းထက်ဇော်အား အနည်းဆုံးငွေ ငါးသိန်းစီ ပီးခကတ်ရပြီး၊ “ဘီလီချေ”ဘားက ၁၆ သိန်းမရ၍ သူ့ကို ပြန်မလွှတ်ဟု သိရပါသည်။
အလားတူ ဂျုန် ၁၅ ရက်နိမှာ “အုန်းတောချေ”ရွာမှလေ့ မူဆလင်ရွာသား ၂ ယောက်ကို ဗိုလ်ကြီး ဟိန်းထက်ဇော် ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့က “မှန်စီဘုန်းကြီးကျောင်း”၌ ဖမ်းဆီးနှိပ်စက် ငွေညှစ်လျက်ဟိရာ ဈီးမတည့်၍ ပြန်မလွှတ်ပီးသိမ့်ကြောင်း ဒေသခံများက ဆိုပါသည်။
ယင်းနည်းတူ ကုန်ခသည့် မေ ၂၆ ရက်နိကလေ့ “အုန်းတောကြီးကယ်ဆယ်ရီးစခန်း”မှ မူဆလင် ၃ ယောက် ကို ယင်းမှန်စီဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် ဗိုလ်ကြီးဟိန်းထက်ဇော် ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့ က မတရားဖမ်းဆီး၍ သီလုမျောပါး ဝိုင်းဝန်း ရိုက်နှက် သတ်ပုတ်ကာ ငွေညှစ်ခကြောင်း သိရသည်။
ဖမ်းဆီးခံရရေ လူ ၃ ယောက်မှာ ကိုခိုင်ဇေယျာအောင် (ခ) ဇတ်တရူး (၂၀)နှစ်၊ ကိုဇေယျာမောင် (ခ) ဆတ်ဇာလူ(၂၂)နှစ် နန့် ကိုကျော်နိုင်(ခ) ဆတ်ဇူလာ ရို့ဖြစ်ကတ်ပြီး၊ သူရို့ ၃ ယောက်ဘားက ငွေ ၁၆၂ သိန်း ခြိမ်းခြောက်တောင်းယူကာ မေ ၂၇ ရက်နိမှာ ပြန်လွှတ်ပီးလိုက်သည်။
ဂျုန် ၁၆ ရက်နိ နိခင်း ၂ နာရီလောက်ကလေ့ ပေါက်တောမြို့နယ်၊ ကြိမ်နီပြင်ရွာသား မူဆလင် လူငယ်တယောက်သည် “အနောက်ရဲ”ရွာ၌လယ်ထွန်ပြီး၍ မိမိနီထိုင်ရာကြိမ်ခမော်သို့အပြန် ဆင်တက်မော်ရွာနားမှာ စစ်ကောင်စီ တပ်လက်ပါးစီတချို့၏ ဖမ်းဆီးရိုက်နှက်ခြင်းကိုခံခရသိမ့်သည်။ စစ်ကောင်စီတပ်လက်ပါးစီရို့က ယင်း မူဆလင် လူငယ်အား ကြိုးနန့်ချိုင်ပြီး ရက်ရက်စက်စက် နောက်ကုန်းကို ကျောက်တုန်းနန့်ဖိ၍ ထားခကတ်သည်။
စစ်ကောင်စီတပ်သည်နိုင်ငံတကာဖိအား၊ ပြည်တွင်းနိုင်ငံရီးစစ်ရီးဖိအားများပြင်းထန်လာချိန်တွင်စစ်ရီးနိုင်ငံရီး “ထွက်ပေါက်” အဖြစ် ရက္ခိုင်ပြည်၌ ဘာသာရီး၊လူမျိုးရီး ပဋိပက္ခများကို ဖန်တီးလိဟိသည်နန့်အညီ အဂုအခါ စစ်ကောင်စီတပ်သည် မူဆလင် များအပေါ် လူမဆန်စွာဖမ်းဆီးနှိပ်စက် သတ်ဖြတ်ငွေညှစ်ခြင်း၊ ရက္ခိုင်နန့် မူဆလင် လူမှု အသိုက်အဝန်းနှစ်ခုအကြား ပဋိပက္ခများ ဖြစ်ပွားစီရန် ကောက်ကျစ်ယုတ်ညံ့စွာ စနစ်တကျ လုပ်ကြံဖန်တီး ပုံဖော်လျက်ဟိသည်။
ယင်းအတွက်ကြောင့် စစ်ကောင်စီ အနီနန့် ရက္ခိုင်ပြည်မှာ ဘာသာရီး၊ လူမျိုးရီးပဋိပက္ခများကို ဖန်တီးလျက်ဟိပြီး၊ ရက္ခိုင်ပြည်သူများအနီနန့် မိမိရို့၏တော်လှန်ရီးလမ်းကြောင်းကို မျက်ခြေအပြတ်မခံဘဲ စစ်ကောင်စီ၏ နိုင်ငံရီး ထောင်ချောက်တိကို အထူးသတိပြု ယှောင်ယှားကတ်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) မှ ရက္ခိုင်ပြည်သူသို့ အကြိမ်ကြိမ် သတိပီးထားကြောင်း သိဟိရသည်။