
APM ၊ ဧပြီ ၁၇ / ၂၀၂၄
‘ဝ’ပြည်နယ်နန့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရီးအတွက် အတူတကွ ကြိုးပမ်းလားဖို့လို့ ဒေနိ(ဧပြီ ၁၇ ရက်နိ)မာ ကျရောက်တေ ‘ဝ’ ပြည်နယ် ငြိမ်းချမ်းရီးတည်ဆောက်မှု(၃၅)နှစ်ပြည့်နိ အခမ်းအနားသို့ ပီးပို့ရေ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ဂုဏ်ပြုသဝဏ် လွှာထဲမာ ထည့်သွင်း ဖော်ပြထားပါရေ။
‘ဝ’ ပြည်နယ် ငြိမ်းချမ်းရီးတည်ဆောက်မှု(၃၅)နှစ်ပြည့်နိ အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တေ မြန်မာနိုင်ငံအမှန်တရားနန့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် (PSLF/TNLA)နန့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ရို့၏ တရုတ်ဘာသာနန့်ပီးပို့ရေဂုဏ်ပြုသဝဏ်လွှာအတွင်း”မိမိရို့ညီနောင်မဟာမိတ် (၃) ဖွဲ့ အနီဖြင့်လည်း ‘ဝ’ပြည်နယ်နန့် ဆက်လက် ပူးပေါင်းဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရီးအတွက် အတူတကွ ကြိုးပမ်းဖို့လို့ ဖော်ပြထားပါရေ။
ယင်းအပြင် “မြန်မာနိုင်ငံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိထဲမာ အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်တေ ‘ဝ’ပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ရီးစနစ်စွာ တခြားအဖွဲ့အစည်းတိအတွက် စံပြဖြစ်လာခရေ”လို့လည်း ညီနောင် (၃) ဖွဲ့က ဆိုထားပါရေ။
ဒေနိ၂၀၂၄ခုနှစ်၊ ဧပြီ ၁၇ ရက်နိစွာ ‘ဝ’ပြည်သွီးစည်းညီညွတ်ရီးပါတီ/ ‘ဝ’ပြည်သွီးစည်းညီညွတ်ရီးတပ်မတော် (UWSP/UWSA) ငြိမ်းချမ်းရီးရယူခစွာ (၃၅) နှစ်ပြည့် မြောက်ခပြီး၊ ငြိမ်းချမ်းရီးတည်ဆောက်မှု (၃၅) နှစ်ပြည့်နိအထိမ်းအမှတ်အခမ်းအနားကို ‘ဝ’ပြည်နယ်၊ ပန်ဆန်းမြို့မာ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခကြောင်း သတင်းရဟိပါရေ။



