(ဧပြီ ၁၀ ရက်နိ မှ ၁၆ ရက်နိ အထိ)
၁။ ၁၀ – ၄ – ၂၀၂၃ (တလင်းလာ)
(၁) ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၀ ရက်နိတွင်ကျရောက်သည့်(၁၄)နှစ် မြောက် ရက္ခိုင့်တပ်တော်နိ အခမ်းအနားများကို မလေသျှား၊ ဂျပန်၊ ထိုင်းစသည့် ပြည်ပနိုင်ငံများ၌ ပြည်ပရောက်အာရက္ခပြည်သူ များကစည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခ ကတ်သည်။
(၂) ဧပြီ ၁၀ ရက်နိတွင်ကျရောက်သည့် (၁၄) နှစ်မြောက် ရက္ခိုင့်တပ်တော်နိ သို့ ညီနောင်မဟာမိတ်များဖြစ်ကတ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရီး တပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် (PSLF)/ TNLA) နန့်မြန်မာနိုင်ငံ အမှန်တရားနန့်တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA)ရို့ကဂုဏ်ပြုသဝဏ်လွှာ ပီးပို့သည်။
(၃) ဧပြီ ၁၀ ရက်နိတွင်ကျရောက်သည့်(၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နိသို့ အမျိုးသားညီညွတ်ရီးအစိုးရ NUG ကာကွယ်ရီးဝန်ကြီးဌာနမှ ဂုဏ်ပြု သဝဏ်လွှာပီးပို့လိုက်ပြီး ယင်းသဝဏ်လွှာ၌ နွီဦးတော်လှန်ရီး ပြည်သူ့ခုခံ တွန်းလှန် စစ်ဆင်နွှရာတွင် ရက္ခိုင့်တပ်တော်သည် အဖိနှိပ်ခံ ပြည်သူလူထုနန့် တကွအတူရပ်တည်ပြီး ဘုံရန်သူအား ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နီသည့်အပြင် တော်လှန်ရီးအင်အားစုများကိုလေ့ လက်တွဲကူညီ ပံ့ပိုးပီးလျက်ဟိကြောင်း ဖော်ပြထားသည်။
(၄) ရက္ခိုင်စာရွီးဆရာမတဦးဖြစ်သူ ဆရာမလင်းလက်ချို (ကျောက်တော်) ရွီးသားသော အချစ်သက်သီ လွမ်းသူ့ မြီ ဝတ္ထုတို စုစည်းမှု စာအုပ်မိတ်ဆက်ပွဲကို ဧပြီ ၉ ရက်နိက ကျောက်တော်မြို့တွင် ကျင်းပပြုလုပ်ခသည်။
(၅) တော်လှန်ရီးကာလ၌ တော်လှန်ရီးလောကဓံကို ရင်ဆိုင်ဖြတ်ကျော်နိုင်ရမည် ဖြစ်ပြီး၊ သွေဖည်လျှင် ကျွန်ဖြစ်မည်ဟု (၁၄)နှစ်မြောက်ရက္ခိုင့်တပ်တော်နိ အခမ်းအနား မိန့်ခွန်း၌ AA တပ်ချုပ်ကြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထည့်သွင်း ပြောကြား လိုက်သည်။
(၆) မင်းပြားမြို့နယ် ၊ အထက်ငှက်ပျောချောင်းကျေးရွာတွင် သုခကာရီ လူငယ်အသင်းမှ ဦးဆောင်ကာ ပထမ အကြိမ် မြောက် ရက္ခိုင်ရိုးရာ နံသာသွီးပြိုင်ပွဲကို ဧပြီ ၁၂ရက်နိတွင် ကျင်းပပြုလုပ်သည်။
၂။ ၁၁ – ၄ – ၂၀၂၃ (အင်္ဂါ)
(၁) ကျောက်တော်အခြီစိုက် စစ်ကောင်စီတပ် စကခ (၉) ကန်ဇောက်တပ်မအရှိ၌ ပြီးခသည့် ရက်ပိုင်းကစ၍ လက်ဟိ အချိန်အထိ လမ်းလားလမ်းလာသူများကို တင်းတင်းကျပ်ကျပ်စစ်ဆီးလျက်ဟိသည်။
(၂) သက်လူမျိုးရိုး၏ အမျိုးသားနိအခမ်း အနားကို မေ ၁ ရက်နိ၌ မောင်တောမြို့နယ်၊ သက်ကိုင်ညာရွာ တွင်ကျင်းပလား မည်ဟု ပွဲကျင်းပရီးကော်မတီက ပြောသည်။
(၃) တိုက်ပွဲသံ၊ ဗုံးလက်နက်အမြောက်ဆံများကြားက နာကြင်မှု မျက်ရည်များဖြင့် ရဲရင့်စွာ ရပ်တည်နီကတ်ရသည့် အာရက္ခ ပြည်သူများနန့် တော်လှန်ရီးကို ရောက်သည့်နီရာမှ နိုင်သည့်တာဝန်ကို ထမ်းဆောင်ပီးနီကတ်သော နိုင်ငံတကာ နန့် အဝီး ရောက် ရက္ခိုင်လုပ်သားပြည်တရပ်လုံး၏ ရပ်တည်ကူညီမှုများကို အထူးကျေးဇူးတင်ကြောင်း ဧပြီ ၁၀ ရက်နိတွင် ကျရောက်သည့် (၁၄) နှစ်မြောက်ရက္ခိုင့်တပ်တော်နိ အခမ်းအနား မိန့် ခွန်း၌ AA တပ်ချုပ်ကြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။
(၄) အဖိုးအဖီးအဆက်ဆက် အာရက္ခပြည်သူလူထုတရပ်လုံး၏ အလိုလားဆုံးသော နိုင်ငံရီးမျှော်မှန်းချက်ကို ဖြည့်ဆည်း အကောင်အထည်ဖော်ရန် ဧပြီ ၁၀ ရက်နိ တွင်ကျရောက်သည့် (၁၄) နှစ်မြောက်ရက္ခိုင့်တပ်တော်နိ အခမ်းအနား မိန့် ခွန်း၌ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။
(၅) ရက္ခိုင့်တပ်တော် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်(သူပုန်ဖြူ) အနီနန့် ၎င်းကိုယ် တိုင်ရွီးသားဖွဲ့သီ ထုတ်ဝီမည့် “တော်လှန်ရီးကဗျာ စာအုပ်”အတွက် ကဗျာ သရုပ်ဖော်ပန်းချီဆရာ၊ Graphic သမား၊ လူငယ် ပန်းချီ ဆရာ များအား သူ၏ကဗျာစာအုပ်ထဲ၌ပါဝင်ရန် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဧပြီ ၁၀ ရက်နိတွင် ဖိတ်ခေါ် ထားသည်။
၃။ ၁၂ – ၄ – ၂၀၂၃ (ဗုဒ္ဓဟူး)
(၁) မောင်တောမြို့နယ်ဟိ စစ်ကောင်စီ၏ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်းတွင် ဧပြီ ၁၁ ရက်နိ က တပ်ဖွဲ့ဝင်နှစ်ယောက် အချင်းချင်းစကားများကာ လက်ပစ် ဗုံးနန့် ပစ်ခတ်၍ ပေါက်ကွဲမှုဖြစ်ပြီး တယောက်သီလားသည်။
(၂) ရသေ့တောင်မြို့ထက် စစ်ဖီးယှောင်စခန်း ၂၄ ခုဟိပြီး လူဦးရေ နှစ်သောင်း ကျော်ခိုလှုံလျက်ဟိကာ လက်ဟိတွင် တမြို့လုံးကို ရီဖြန့်ဝီပီးနီသည့် ကန်တော်ကြီး၌ ရီနည်းလာ၍ ရီကို အချိန်နန့် ရက်ခြားပီးနီရသည့်အပြင် ယင်းသို့ပီးရာတွင် လေ့ လုံလုံလောက်လောက်မရသဖြင့် အခက်ကြုံနီကတ်ရသည်။
(၃) ရက္ခိုင်ဓလိထုံးတမ်းစဉ်လာအရ မြောက်ဦးဟိ အရပ်ဖက်အဖွဲ့အစည်း ၁၆ ခု စုပေါင်း၍ မြောက်ဦးမြို့တည် ဘုရား ဖြစ်သည့် လေးမျက်နှာပုထိုးတော်ကြီးတွင် ဧပြီ ၁၂ ရက်နိမိုးထက ဘုရားရီသပ္ပာယ် (ဘုရားရီချိုး)ခကတ် သည်။
(၄) မင်းပြားမြို့နယ်၊ စအင်းရွာဟောင်းတွင် ဧပြီ ၁၀ ရက်နိက ဒေါ်ခင်မျှရီ (၄၄ နှစ်)၏နီအိမ် ဖောက်ထွင်းခံလိုက်ရပြီး ရွှီ ၉ ကျပ် သားအခိုးခံလိုက်ရ ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
(၅) ပုဏ္ဏားကျွန်းမြို့နယ် ဘဲငါးရာတောင်တန်းတလျောက်၌ တောမီးလောင်ကျွမ်းမှုကြောင့် တောင်ခြီရင်းဟိ ဒေသခံ များ၏ တောင်ယာ၊ ဥယျာဉ်စိုက်ခင်း ၁၀ ကျော် ပျက်စီးဆုံးယှုံးလားသည်။
(၆) သင်္ကြန်ကာလအတွင်း ရက္ခိုင်ပြည်တွင်း၊ ပြည်တွင်း၊ပြည်ပဗြီးဆွဲနီသည့် ယာဉ်လိုင်းများအားလုံးကို ဧပြီ ၁၂ ရက်နိမှစ၍ ၂၀ ရက်နိအထိ ရပ်နားသည်။
၄။ ၁၃ – ၄ – ၂၀၂၃ (ကြာသပတီး)
(၁) ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီအဖွဲ့ဝင်များ၏ လူ့အခွင့်အရီးချိုးဖောက်မှုများကို ရွီးသားဖော်ထုတ်ခကတ်သည့် ရက္ခိုင် ပြည် အခြီစိုက်သတင်း မီဒီယာဌာန များ၊အယ်ဒီတာချုပ်များနန့် သတင်းထောက်များကို ဆက်သွယ်ရီးဥပဒေပုဒ်မ၊ မြန်မာ ပြည် အကြည်ညိုပျက်စီမှုပုဒ်မ စသည်ရို့အပါအဝင် ပုဒ်အမျိုးမျိုး၊ ဂေါင်းစဉ် အမျိုးမျိုးဖြင့် တရားစွဲဆို လျက်ဟိသည်။
(၂) ဒိုင်းနက် (ခေါ်)သက္ကမလူမျိုးများ၏ (၁၂)ကြိမ်မြောက် ရိုးရာပန်းမျှောပွဲကို ပုဏ္ဏားကျွန်းမြို့နယ် သျှင်တော်ရွာ၊ ဘူးသီး တောင်မြို့နယ်၊ အင်းချောင်းရွာနန့် မြောက်ဦးမြို့နယ်မှ နန်းကျားရွာရို့တွင် ဧပြီ ၁၂ ရက်နိမှ ဧပြီ ၁၃ ရက်နိ အထိ နှစ်ရက် တိုင်တိုင် တပြိုင်နက်တည်း ကျင်းပပြုလုပ်ခသည်။
(၃) မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာသစ်မှ လူမိုက်ဂိုဏ်းကို အာရက္ခပြည်သူ့ အစိုးရက ဖမ်းဆီးအရေးယူခြင်း နန့်ပတ် သက်၍ မြောက်ဦးမြို့နယ် အစ္စလာမ် သာသနာရီးကောင်စီ၊ အိုလမာအစ္စလာမ်သာသနာ ပညာသျှင်များ အဖွဲနန့် မူဆလင်ရွာ ၁၃ ရွာတာဝန်ဟိသူများက ဧပြီ ၁၂ ရက်နိတွင် သဘောထားထုတ်ပြန် သည်။
(၄) ရက္ခိုင်အမျိုးသားအဖွဲချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ဦးဆောင်ကျင်းပမည့် ဇီးချောင်းရက္ခိုင်သင်္ကြန်ပွဲတော်ကို လုံခြုံစိတ်ချစွာကျင်းပနိုင်ရန် စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြောင်း ပွဲကျင်းပရီး ကော်မတီများထံမှ သိရသည်။
(၅) ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့အကြား နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်တန့် ထားကေလေ့ လက်ဟိ အချိန်အထိ ရက္ခိုင်ပြည်တွင်းသို့ ဆီးဝါးများ တင်သွင်းခွင့်ကို စစ်ကောင်စီက ဆက်လက်ကန့်သတ် ထားဆဲဖြစ်သည်။
၅။ ၁၄ – ၄ – ၂၀၂၃ (သောကြာ)
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ဦးဆောင်ကျင်းပသောဒုတိယအကြိမ်မြောက် ဇီးချောင်း ရက္ခိုင် သင်္ကြန် ပွဲတော်(ပထမနိ)ဧပြီ ၁၄ရက်နိ အစီအစဉ် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ပွဲကျင်းပရီးကော်မတီက ပြောသည်။
၆။ ၁၅ – ၄ – ၂၀၂၃ (စနီ)
(၁) ULA/AA ကြီးမှူးကျင်းပသော ရက္ခိုင်သင်္ကြန်ပွဲတော် ၏ ဧပြီ ၁၅ ရက်နိ (ဒုတိယနိ) အစီအစဉ်ကို မိုးထ ၁၁ နာရီမှာ ပြန်စ မည်ဟု ပွဲကျင်းပရီး ကော်မတီက ဆိုသည်။
(၂) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ကြီးမှူးကျင်းပသည့် “ဇီးချောင်းရက္ခိုင် သင်္ကြန်ပွဲတော်ကြီး (ဒုတိယနိ)”ဧပြီ ၁၅ ရက်နိအစီအစဉ်သည် ညဇာ ၆ နာရီ၌ အထူးစည်ကားသိုက် မြိုက်အောင်မြင်စွာ ကျင်းပပြီးစီးခကြောင်း ပွဲတော်ကျင်းပရီးကော်မတီက ပြောသည်။
၇။ ၁၆ – ၄ – ၂၀၂၃ (တလင်းဂနီ)
မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ရွာသစ်ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်ကျူးလွန်ခသူများအား အာရက္ခပြည်သူ့အစိုးရ၊ရဲဌာနမှ စစ်ဆီးစုံစမ်း မိန်းမြန်းပြီးနောက် ယင်းအထဲမှအပြစ်ကင်းသူ၊ပါဝင်ပတ်သက်ကျူးလွန်မှုမဟိသူ ၈ ဦး ကို ဧပြီ ၁၄ ရက်နိ၌ ပြန်လွှတ်ပီးလိုက်သည်။