APM ၊ ဧပြီ ၁၇ / ၂၀၂၃
စစ်တွေမတွင် သင်္ကြန်အကြို(ဧပြီ ၁၃ ရက်နိ) ကနီ သင်္ကြန်အတက်(ဧပြီ ၁၆ ရက်)နိအထိ ၄ ရက်အတွင်း ယာဉ်မတော်တဆ မှု ၂၀ ထက်မနည်းဖြစ်ပွားခပြီး ထိခိုက်ဒဏ်ရာရသူ ၂၁ ယောက်ထက်မနည်းဟိကြောင်း လူမှုကူညီရေး အသင်းများ၏ စာရင်းအရ သိရသည်။
ယာဉ်မတော်တဆဖြစ်ပွားမှုများမှာ သင်္ကြန်အကြို(ဧပြီ ၁၃ ရက်)နိတွင် (၇) ကြိမ်၊ သင်္ကြန်အကျ(ဧပြီ ၁၄ ရက်) နိတွင် (၇) ကြိမ်၊ သင်္ကြန်အကြတ်(ဧပြီ ၁၅ ရက်)နိတွင် (၆) ကြိမ်နန့် သင်္ကြန်အတက်(ဧပြီ ၁၆ ရက်)နိတွင် (၁)ကြိမ် ဖြစ်ပွားခသည်။
ယင်းယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာဟိသူ ၂၁ ယောက်ဟိပြီး အများစုမှာ ဦးဂေါင်းကွဲ၊ ခြီကျိုးသူများ ဖြစ်ကာ ပြင်းပြန်းထန်ထန်ဒဏ်ရာရသူနန့် သီဆုံးလားသူတော့မဟိဟုဆိုသည်။
သင်္ကြန်ကာလအတွင်း အရက်သောက်စားမူးယစ်ပြီး မဆင်မခြင်မောင်းနှင်မှုကြောင့် ယင်းသို့ ယာဉ်မတော်တဆမှု ဖြစ်ပွား ခြင်းဖြစ်ပြီး ကုန်ခသည့် ၂၀၂၂ ခုနှစ် သင်္ကြန်ကာလကလေ့ စစ်တွေတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ၄ ဦး သီဆုံး ခရကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရဟိခသိမ့်ကြောင်း သိဟိရသည်။
ယင်းသို့ နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလဆိုလျှင် ယာဉ်မတော်တဆဖြစ်ပွားမှု များနီ၍ ယာဉ်များကို အထူးသတိပြုမောင်းနှင် ကြရန် လိုအပ်ကြောင်း လူမှုကူညီကယ်ဆယ်ရီးအဖွဲ့များက ထောက်ပြပြောဆိုကတ်သည်။
Photo – မေတ္တာရောင်ခြည်ဖောင်ဒေးသျှင်း