APM ၊ ဧပြီ ၁၇ / ၂၀၂၃
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ ကြီးမှူးကျင်းပသည့် မြောက်ဦးမြို့နယ်၊လေးမြို့ချောင်း ဒုတိယ အကြိမ်မြောက် ရက္ခိုင် သင်္ကြန်ပွဲတော်ကို နက်ဖြန် ဧပြီ ၁၈ ရက်နိ မှ ၂၀ ရက်နိအထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက် စွာ ဆင်ယင်ကျင်းပလားမည် ဖြစ်ကြောင်းသိရသည်။
လေးမြို့ချောင်း သင်္ကြန်ပွဲတော်ကို နက်ဖြန် မိုးထ ၁၀ နာရီခွဲတွင် အာရက္ခနိုင်ငံတော်တေးခြင်းသံပြိုင်သီဆိုလျက် စတင်ဖွင့် လှစ်လားမည်ဖြစ်သည်။
သင်္ကြန်ပွဲတော်အစီအစဉ်များကို ရက္ခိုင်ရိုးရာ စည်တော် တီးလျက် ရက္ခိုင်ပိုဒ်စုံ ရတုများ၊ ရက္ခိုင်ရိုးရာ ယိမ်းအကများ အပြင် ရက္ခိုင်အဆိုတော် ၂၈ ယောက်မှ အဆို၊ အကများ၊ DJ အကများဖြင့်ပါ မြိုင်မြိုင်ဆိုင်ဆိုင်ကပြဖျော်ဖြေ တင်ဆက် လားမည် ဖြစ်သည်။
လေးမြို့ချောင်း သင်္ကြန်ပွဲတော်ကို ပြီးခသည့် ဇီးချောင်းသင်္ကြန်ပွဲတော်အတိုင်းပင် ULA/AA မှ လုံခြုံရီးအပြည့်ယူ ထားပြီး မြန်မာစစ်တပ်နန့်လေ့ ကြိုတင်ညှိနှိုင်းမှုပြုလုပ်ထားကာ ဒေသခံပြည်သူများလားလာရာလမ်းခရီး၌လေ့ အစစ်အဆီးများ မပြုလုပ်ဖို့ကိုလေ့ ကြိုတင် သဘောတူညီမှုရဟိထားသည်ဟုသိရသည်။
ယင်းအပြင် ပွဲတော်အတွင်း၌ အခြားဝန်ဆောင်မှုများကိုလေ့ အဆင်ပြေအောင် အကောင်းဆုံး စီစဥ်ထားဟိသည့် အတွက် ဒေသခံပြည်သူများ အနီနန့် လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကတ်ဖို့ ဖိတ်ခေါ်ပါကြောင်း ပွဲတော်ကျင်း ပရေးကော်မတီက ပြောပါသည်။
ကုန်ခသည့် ဧပြီ ၁၄ ရက်နိမှ ၁၆ ရက်နိထိ ကျောက်တော်မြို့နယ်၊ ဇီးချောင်း ရက္ခိုင်သင်္ကြန်ပွဲတော်ကိုလေ့ ULA/AA မှ ကြီးမှူးလျက် ၃ ရက်တိုင်တိုင်ကျင်းပခပြီး ရက္ခိုင်ပြည်အနယ်နယ်အရပ်ရပ်က ဒေသခံပြည်သူပေါင်း သိန်းချီပါဝင် ဆင်နွဲခ ကတ်ကြောင်း သိဟိရပါသည်။