APM ၊ ဧပြီ ၁၇ / ၂၀၂၃
ဒေနိ(ဧပြီ ၁၇ ရက်နိ) တွင်ကျရောက်သော ဗမာပြည်သူ့လွတ်မြောက်ရီးတပ်တော်(BPLA)၏ (၂) နှစ်ပြည့် တပ်တော်နိ အခမ်း အနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သည့် MNTJP/MNDAA၊ PSLF/TNLA နန့် ULA/AA ရို့က ဂုဏ်ပြုသဝဏ်လွှာ ပီးပို့ ထားသည်။
သဝဏ်လွှာ၌ “မြန်မာ့တပ်မတော်မှ မတရားသဖြင့် အာဏာသိမ်းထားသည်မှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နိတွင် (၂) နှစ်ပြည့်မြောက်ခပြီးဖြစ်သည်။ စစ်အာဏာသိမ်းမှုနန့်အတူ ပေါ်ပေါက်လာသော နွီဦးတော်လှန်ရီး သက်တမ်းသည်လေ့ ဒေဂုဆိုလျှင် (၂) နှစ်ကျော်ကာလသို့ ရောက်ဟိလာခပြီးဖြစ်သည်”ဟု ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်းမှစ၍ မြန်မာပြည်တဝှမ်းဟိ တိုင်းရင်းသားလူမျိုးပေါင်းစုံ အသီးသီးရို့သည် အာဏာ သိမ်းစစ်ကောင်စီကို အကြမ်းမဖက်နည်းလမ်းများအပါအဝင် ရရာလက်နက်များဖြင့် ခုခံတော်လှန်စစ်အား နည်းလမ်း အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ဆင်နွှဲခကတ်ပြီးနွီဦးတော်လှန်ရီးအစပိုင်းကပင် စစ်အာဏာရသျှင် စနစ်ကျယှုံးကာ ဗမာပြည် သူလူထုတရပ်လုံးအား အဖိနှိပ်ခံဘဝမှ လွတ်မြောက်ခွင့်ရဟိရီး၊ လူမျိုးကြီးဝါဒချုပ် ငြိမ်းပြီး တန်းတူညီမျှမှုနန့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရဟိရီး၊ မြန်မာပြည်သူလူထုတရပ်လုံး လွတ်လပ်မှုနန့် လုံခြုံမှု ကိုကာကွယ် စောင့်ယှောက်ရီး စသည့် နိုင်ငံရီး ရည်မှန်းချက်များဖြင့် စုဖွဲ့ထားကတ်သော ဗမာလူမျိုး ကိုယ်စားပြုတော်လှန် ရီးအဖွဲ့အစည်း များစွာပေါ်ပေါက်လာခ ကြောင်းလေ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ဆိုသည်။
“၎င်းအဖွဲ့အစည်းများထဲမှ အချို့အဖွဲ့အစည်းများမှာ နွီဦးတော်လှန်ရီး မာရသွန်ဗြီးပွဲထဲတွင် ဆက်လက်ရပ်တည် နိုင်စွမ်း မဟိဘဲ စုဖွဲ့မှု၊ ဂေါင်းဆောင်မှု၊ ရပ်တည်နိုင်မှုအားနည်းလားကာ တော်လှန်ရီးကို လက်မြှောက်လာခ ကတ်သည်။ ယင်းနည်း တူ တော်လှန်ရီးလောကဓံ၊ အခက်အခဲ၊ ဆင်းရဲပင်ပန်းမှုဒဏ်များကို လက်မြှောက်အယှုံး မပီးဘဲ တော်လှန်ရီး အောင်မြင် သည်အထိ တောင့်ခံယင်း အသက်၊ ဘဝ၊ ပီးဆပ်မှုများစွာဖြင့် ဆက်လက်ကြိုးစား တိုက်ပွဲဝင်နီကတ်သည့် တော်လှန်ရီး အဖွဲ့အစည်းများကိုလေ့ တွိဟိနီရသည်” ဟု သဝဏ်လွှာတွင် ဖော်ပြထား သည်။
၂၀၂၁ ခုနှစ်၊ ဧပြီ ၁၇ ရက်နိတွင် စတင်ဖွဲ့စည်းခသော ဗမာပြည်သူ့လွတ်မြောက်ရီးတပ်တော်(Bamar People’s Liberation Army – BPLA) သည်လေ့ နွီဦးတော်လှန်ရီးနန့်အတူ ပေါ်ပေါက်လာခသောဗမာလူမျိုးကိုယ်စားပြု တော်လှန်ရီးအဖွဲ့အစည်း တခုဖြပြီး လက်ဟိတွင် ညီနောင်မဟာမိတ်(၃) ဖွဲ့ အပါအဝင် အခြားသောတော်လှန်ရီး အဖွဲ့အစည်းများနန့်လေ့ ကောင်းမွန် သည့် ဆက်ဆံရီးကို ထူထောင်ထားနိုင်ကာ လက်တွိကျသော တော်လှန်ရီး တရပ်ကို ဆင်နွှဲနီသည့် BPLA ၏ တော်လှန်ရီး သက်တမ်းသည် ဒေနိဆိုလျှင် (၂) နှစ် ပြည့်မြောက်ခပြီးဖြစ်ကြောင်း လေ့ သဝဏ်လွှာကဆိုသည်။
“တော်လှန်ရီး (၂) နှစ်တာကာလအတွင်း ဗမာပြည်သူလူထုများနန့် တိုင်းရင်းသားတော်လှန်ရီးလက်နက်ကိုင် အဖွဲ့အစည်း တချို့၏ ဖေးမမှု၊ ဝန်းရံပံ့ပိုးပီးမှု၊ ယုံကြည်မှုကိုရဟိထားသည့် BPLA သည် တိုက်ပွဲအတွိအကြုံ အတန်အသင့်ရဟိထားပြီး ယင်းအဖွဲ့အစည်းကို ဦးဆောင်နီကတ်သူများနန့် BPLA တပ်ဖွဲ့ဝင်များအားလုံး၏ စည်းလုံးညီညွတ်မှု၊ ကြိုးပမ်းအားထုတ်မှု၊ တော်လှန်ရီးစည်းကမ်းလိုက်နာနိုင်မှုများကို မိမိရီု့အနီနန့် တန်ဖိုးထား အသိအမှတ်ပြုပါသည်။ BPLA အနီနန့် မြန်မာပြည်သူ တရပ်လုံးလိုလားသော အနာဂတ်မျှော်မှန်းချက်များကို အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်ပြီး စစ်အာဏာသျှင်စနစ် တိုက်ဖျက်ရီး လုပ်ငန်းများတွင် ဒေဂုထက်ပိုမို ဆောင်ရွက်နိုင်ပါစီကြောင်း၊ တိုင်းပြည်သစ်နန့် ပြည်သူ့အတွက် တည့်မတ် မှန်ကန်သောရပ်တည်ချက်များဖြင့် ဦးဆောင်အလုပ်လုပ်ပီးနိုင်သည့် အဖွဲ့အစည်း ဖြစ်ပါစီဟုလေ့ BPLA ၏ (၂) နှစ်ပြည့် တပ်တော်နိအခမ်းအနားသို့ ပီးပို့သော ညီနောင်မဟာမိတ်(၃) ဖွဲ့၏ဏ်ပြုသဝဏ်လွှာတွင် ဖော်ပြပါဟိပါသည်။