APM ၊ ဧပြီ ၁၇ / ၂၀၂၃
ဗင်နီဇွဲလားနိုင်ငံပိုင် ရီနံကုမ္ပဏီတခုဖြစ်သည့် PDVSA ကုမ္ပဏီ၏ ဘဏ္ဍာရီးအော်ပရေတာဖြစ်သူ ကိုလံဘီယာ စီးပွားရီး လုပ်ငန်းသျှင် အလ်ဗာရိုပူလီဒိုကို ဧပြီ ၁၄ ရက်နိက အဂတိလိုက်စားမှုနန့် ဗင်နီဇွဲလားအစိုးရက ဖမ်းဆီးလိုက်ကြောင်း ဗင်နီဇွဲလားဆက်သွယ်ရီးဝန်ကြီး ဖှရဒ်ဒီ နာနဇ်က သောကြာနိတွင် ပြောကြားသည်။
တခြား ၆ ယောက်နန့်တတူ ထိန်းသိမ်းခံခရသည့် အလ် ဗာရိုပူလီဒိုကို အစိုးရက စုံစမ်းစစ်ဆီးမှုများလုပ်ဆောင်နီပြီး စွဲချက်တော့ မတင်ရသိမ့်ဟု ဝန်ကြီး ဖှရဒ်ဒီ နာနဇ်က ဆိုသည်။
ပူလီဒိုကို ငွေကြေးခဝါချမှုစွပ်စွဲချက်နန့် ဖမ်းဆီးခြင်း သို့ မဟုတ် ပြစ်ဒဏ်ချမှတ်ခြင်း လုပ်ဆောင်နိုင်မည့်အချက်အလက် များအတွက် အမေရိကန်က ဆုကြေးငွေ ဒေါ်လာ ၁၀ သန်းအထိ ကမ်းလှမ်းထားကြာင်း သိရသည်။
ပူလီဒိုသည် PDVSA အကျင့်ပျက်ခြစားမှု စွပ်စွဲချက်နန့်ဖမ်းဆီးခံထားရသည့် ဥပဒေပြုအမတ် ဟဂ်ဘဲလ်ရိုဝါနန့် ဆက်နွယ်နီကြောင်း ဝန်ကြီး ဖှရဒ်ဒီ နာနဇ် က ၎င်း၏တွစ်တာ၌ ရွီးသားထားသည်။
ဗင်နီဇွဲလားအစိုးရသည် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်လျက်ဟိရာ PDVSA အပါအဝင် တခြားအများပိုင်ကုမ္ပဏီများနန့် ချိတ်ဆက်သည့်လူ ၅၀ ထက်မနည်းကို ဖမ်းထားကြောင်းလေ့ သိရသည်။
Ref; Colombian businessman arrested in Venezuela PDVSA graft probe: minister
Photo – Reuters