APM ၊ ဧပြီ ၁၇ / ၂၀၂၃
မြို့တော်စစ်တွေတွင် နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက် ဧပြီ ၁၇ (နှစ်ဆန်း ၁ရက်)နိ၌ ကျင်းအလိဟိသည့် (၅၉) ကြိမ်မြောက် မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
စစ်တွေမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကို ရပ်ကွက်အသီးသီးဟိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းများတွင် ဒေနိညဇာ ၃ နာရီခန့်မှစတင်ကျင်းပခကတ်ခြင်းဖြစ်သည်။
သက်ကြီးပူဇော်ပွဲ၌ အသက် ၈၀ နန့်အထက် သက်ကြီးရွယ်အိုးများကို အသက်အ ရွယ်အလိုက် လှူဖွယ်ပစ္စည်း အသီးသီးဖြင့် ပူဇော်ခကတ်ခကတ်သည့်အပြင် သက်ကြီးပူဇော်ပွဲ ဖြစ်မြောက်ရီး(ယဉ်ကျေးမှု) အဖွဲ့ကလေ့ ရိုးရာ ယိမ်းအကများဖြင့် ကပြဖျော်ဖြေခကတ်ကြောင်း ပွဲဖြစ်မြောက်ရီးကော်မတီကပြောသည်။
နှစ်ဆန်းတရက်နိတွင် ရက္ခိုင် ရိုးရာယဉ်ကျေးမှုအရ ကောင်းမွန်သည့်အစဉ်လာကို ထိန်းသိမ်းသည့်အနီနန့် နှစ်စဉ်နှ စ်တိုင်း မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကို ကျင်းပရခြင်းဖြစ်ပြီး ယင်းသို့ ကျင်းပလာခသည်မှာ ဒေဂုဆိုလျှင် (၅၉) ကြိမ်မြောက်ဖြစ်ကြောင်း သိဟိရသည်။