APM ၊ ဧပြီ ၁၇ / ၂၀၂၃
ဧပြီ ၂၀ ရက်နိတွင် ကဇတ်မည့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ မန်ယူအသင်းကို အနိုင်ရဖို့ မျှော်လင့်ကြောင်း ဆီဗီလာနည်းပြ မန်ဒီလီဘာက ဗလင်စီယာကို ၂ ဂိုး ဂိုးမဟိဖြင့် အနိုင်ရခသည့် ပွဲအပြီး တွင် ကြုံးဝါးပြောဆို လိုက်သည်။
“အဓိက ကျနော်ရို့အသင်းအနီနန့် ယုံကြည်မှုဟိဖို့တော့ လိုအပ်ပါရေ။ တခါတလီမှာ ကိုယ့်ဖက်က အကောင်းဆုံး က ဇတ်နိုင်ကေ ပိုကောင်းရေ ရလဒ်ကောင်းတိ ရလာနိုင်ပါရေ။ ယင်းကြောင့် မန်ယူအသင်းနန့် ကဇတ်ဖို့ပွဲကို အနိုင် ရဖို့ ယုံကြည်ပါရေ” ဟု မန်ဒီလီယာက ဆိုသည်။
ယင်းအပြင် မန်ဒီလီယာက “ကျနော်ရို့အသင်းအနီနန့် မန်ယူနန့် ပွဲမှာရာ မဟုတ်ဘဲ အဂုချိန်ကစပြီးကေ အရည် အသွီးကောင်းတိ ယူဆောင်လာနိုင်ဖို့ မျှော်လင့်ပါရေ” ဟုလေ့ ထပ်လောင်းပြောကြားခသည်။
ဆီဗီလာအသင်းနန့် မန်ယူအသင်းသည် ပထမအကျော့ပွဲစဉ်တွင် တဖက် ၂ ဂိုးစီ သရေကျခပြီး၊ ဒုတိယ အကျော့တွင် အနိုင်ရသည့်အသင်းက ဆီမီးဖိုင်နယ်သို့ တက်လှမ်း နိုင်မည်ဟု သိရသည်။
Source – Man United vs Sevilla result, highlights as Red Devils throw away lead in costly Europa League clash
Photo – SABC Sport