APM ၊ ဧပြီ ၁၇ / ၂၀၂၃
ရုသျှနန့် ယူကရိန်းအကြား ဧပြီလ ၁၆ ရက်နိတွင်ကျရောက်ခသည့် အီစတာပွဲတော်နိ အထိမ်းအမှတ်အဖြစ် သုံ့ပန်း လဲလှယ်မှု ပြုလုပ်ရာတွင် ယူကရိန်းစစ်သုံ့ပန်း ၁၃၀ ပြန်လည်လွတ်မြောက်လာသည်ဟု ယူကရိန်းအာဏာပိုင် များက ပြောကြားသည်။
ပြန်လွတ်လာသည့် သုံ့ပန်းများထဲတွင် ယူကရိန်းစစ်သားများအပြင် နယ်ခြားစောင့်တပ်သားများ၊ ပြည်တွင်းအရံ တပ်ဖွဲ့ ဝင်များ၊ သင်္ဘောသားများပါဝင်ပြီး အကျဉ်းသားလဲလှယ်ရန် ပြီးခသည့် ရက်များမှစ၍ ကြိုတင်ဆွေးနွေး မှုအဆင့်ဆင့် ပြုလုပ်ခရကြောင်း ယူကရိန်းသမ္မတရုံးအကြီးအကဲ Andriy Yermak က ဆိုသည်။
အကျဉ်းသားလဲလှယ်ရာတွင် ရုသျှဖက်က ဇာလောက်လွှတ်မြောက်လာသည်ကို ယှင်းယှင်းလင်းလင်းမသိရသိမ့်ပါ။
ပြီးခသည့် ဧပြီ ၁၀ ရက်နိက ရုသျှ အကျဉ်းသား ၁၀၆ ယောက်နန့် ယူကရိန်း အကျဉ်းသား အယောက် ၁၀၀ ကို အပြန်အလှန် လဲလှယ်ခပြီးနောက် ဒေအကြိမ်သည် တလအတွင်း ဒုတိယမြောက် သုံ့ပန်းလဲလှယ်ခြင်းဖြစ်သည်။
Source – Ukraine brings home 130 military in Easter prisoner exchange
Photo – Reuters