
APM ၊ ဧပြီ ၁၇ / ၂၀၂၃
(၃၄) နှစ်မြောက် ‘ဝ’ပြည် ငြိမ်းချမ်းရီး တည်ဆောက်မှုအထိမ်းအမှတ်အခမ်းအနားများကို ဒေနိ ဧပြီ ၁၇ ရက်၊ မိုးထ ပိုင်းမှာ ‘ဝ’ပြည်မြောက်ပိုင်း မိုင်းပေါက်မြို့နန့် ‘ဝ’ ပြည်တောင်ပိုင်း မုံးကျွတ်မြို့ရို့မှာ ကျင်းပခကြောင်း သိရသည်။
အခမ်းအနားမှာ ‘ဝ’ ပြည်ငြိမ်းချမ်းရေးရယူပီးခသော ‘ဝ’ဂေါင်းဆောင်များဖြစ်ကတ်သည့် ဦးကျောက်ညီလိုင်း (တလိုင်း) ကွယ်လွန် နန့်ဦးပေါက်ယူချန်း(တပန်း)ရို့ကို တေးခြင်းများဖြင့်သီဆိုဂုဏ်ပြုခကတ်သည်။
မိုင်းပေါက်မြို့မှာ (၃၄)နှစ်မြောက် ငြိမ်းချမ်းရီးအထိမ်း အမှတ်အဖြစ် ဧပြီလ ၇ ရက်နိမှ ၁၆ ရက်နိထိ ၁၀ ရက် ကြာ ကျင်းပလားမည်ဟု သိရသည်။
ယင်းသို့ ကျင်းပရာတွင် ဘောလုံးပြိုင်ပွဲ၊ အဗြီးပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ဘတ်စကက် ဘောပြိုင်ပွဲ နန့် အကပြိုင်ပွဲများလေ့ ပါဝင် သည်ဟု ဆိုသည်။
၁၉၈၉ ခုနှစ်၊ဧပြီ ၁၇ ရက်နိတွင် UWSP/UWSA နန့် မြန်မာ စစ်အစိုးရရို့ အကြား ငြိမ်းချမ်းရီးယူခကတ်သည်မှာအဂု ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၇ ရက်ဆိုလျှင် ၃၄ နှစ်တင်းတင်းပြည့်ယာ ဖြစ်သည်။
Photo – DVB
