
APM ၊ မာ့ချ် ၁၇ / ၂၀၂၄
ပေါက်တောမြို့နယ်မာ မာ့ချ် ၁၇ ရက်နိ၊ မွန်းလွှဲပိုင်းက အကြမ်းဖက် စစ်ကောင်စီ၏ စစ်တွေအခြီစိုက် ရဲတပ်ရင်း(၁၂)၊ လကဝရုံးနန့် နေဗီတိကနီ လက်နက်ကြီးနန့် ပစ်ခတ်မှုကြောင့် အချေ တယောက် အပါအဝင် အပြစ်မဲ့ပြည်သူ ၂ ယောက်ထက်အနည်း သီဆုံးလားပြီးကေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်အပါအဝင် ၃ ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရလားရေလို့ သိရပါရေ။
သီဆုံးလားလူတိမာ ပေါက်တောမြို့နယ်၊ လက်ပံပြားရွာက မခင်မျိုးနွယ်(၅ နှစ်)နန့် ဦးဦးရွှီဝင်း(၅၅နှစ်)ဖြစ်ပြီးကေ ဒဏ်ရာရလား လူတိကတော့ ယင်းလက်ပံပြားရွာက ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်မသန်းဌေး (၃၀နှစ်)၊ ဦးသန်းလွင်(၂၇ နှစ်) နန့် မနော်သီရိရွာက မချစ်စု(၁၄ နှစ်) ရို့ဖြစ်ကတ်ပါရေ။
ဒေနိ၊ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တွေအခြီစိုက် ရဲတပ်ရင်း (၁၂)၊ လဝကရုံးနန့် နေဗီတိကပေါက်တောမြို့နယ်သို့ လက်နက်ကြီးတိနန့် လူမဆန်စွာ ပစ်ခတ်ခရေလို့ ဒေသခံတိကပြောပါရေ။
ယင်းလက်နက်ကြီးကျည်တိစွာ မြီငူကျွန်း၊ သဲခုံရွာဖက်မာ (၁၁) လုံး၊ လက်ပံပြားရွာထဲမာ (၁)လုံး၊ ရွာပြင်မာ(၃)လုံးနန့် မနော်သီရိရွာဖက်မာ (၄)လုံး ကျရောက်ပေါက်ကွဲခရေလို့ ဆိုပါရေ။
လက်ပံပြားရွာထဲမာကျရောက်ခရေ လက်နက်ကြီးကျည်ကြောင့် အပါးဟပ်စပ်မာဟိရေ ဦးရွှီဝင်းနန့် မြီးဖြစ်သူ မခင်မျိုးနွယ်ရို့နှစ်ယောက်စွာ နီရာမာပင် ဂွင်ချင်းသီဆုံးလားကတ်ရပြီးကေ၊ ဒေါ်မသန်းဌေးနန့် ဦးသန်းလွင်ရို့မာလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလားကတ်ကြောင်းသိရပါရေ။
အလားတူ မနော်သီရိရွာဖက်သို့ ကျရောက်ခကေ လက်နက်ကြီးကျည်ကြောင့်လည်း ယင်းအနားဟိ မချစ်စု၏ ဘယ်ဖက်ခြီဆစ် ဒဏ်ရာရလားရေလို့ ဆိုပါရေ။
ယင်းအပြင် ယင်းလက်နက်ကြီးကျည်တိကြောင့် လူနီအိမ်အများအပြား ပျက်စီးဆုံးယှုံးခရကြောင်းလည်း သိဟိရပါရေ။
