
APM၊ မာ့ချ် ၁၇/၂၀၂၄
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့အခြီစိုက် စစ်ကောင်စီ၏ တပ်ရင်းတိဖြစ်တေ ခမရ (၅၃၆)၊ ခမရ(၅၃၇)နန့် ခမရ (၅၃၈)တပ်ရင်း (၃) ခုစလုံးကို၂၀၂၄ ခုနှစ်၊ မာ့ချ်လ (၁၇) ရက်နိ၊ ညဇာ(၄) နာရီအချိန်လောက်မာ ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက်၊ ရသေ့တောင်မြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီးဖြစ်တေလို့ ရက္ခိုင့်တပ်တော်(AA)က ထုတ် ပြန်ကြေညာပါရေ။
ယင်းတပ်ရင်းသုံးခု မကျရီးအတွက် ရန်သူစစ်ကောင်စီစွာ ကြည်း၊ ရီ၊လီ ပစ်ကူ အမြောက် အမြားနန့် အပြင်းအထန်ခုခံကာကွယ်နီရေကြားက အဆိုပါစခန်း(၃)ခုစလုံးကို ရက္ခိုင့်တပ်တော်က အဂုပိုင် အပြီးသတ် သိမ်းပိုက်နိုင်ခစွာ ဖြစ်ပါရေ။
ရက္ခိုင့်တပ်တော်စွာ စစ်ကောင်စီ၏ယင်းတပ်ရင်း (၃)ခုကို သိမ်းပိုက်နိုင်ဖို့ နှစ်ပတ်လောက်ကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်ခရရေလို့ ဆိုပါရေ။
ယင်းတပ်ရင်း(၃)ခုက ရန်သူ၂၀၀ လောက်စွာ စစ်သင်္ဘောတိနန့် ကိုယ်လွတ်ရုန်း ထွက်ဗြီးလွတ်မြောက်လားခကေလေ့ စစ်မှုထမ်းဥပဒေကိုခုတုံးလုပ်ပနာ စစ်ကောင်စီက လောလောလတ်လတ် စစ်သင်တန်းပီးထားရေ ဘင်္ဂလီတချို့၏ အလောင်းတိ၊ ရန်သူစစ်ကောင်စီ၏ အလောင်းတိ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတိကို လည်း သိမ်းဆည်းရမိခရေလို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ပါရေ။
အလားတူ ဘူးသီးတောင်မြို့အတွင်းဟိ စစ်ကောင်စီ၏ စကခ(၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်းအပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့အတွက် ထိုးစစ်အယှိန်အဟုန်ကို မြှင့်ဆက်လက်တိုက်ခိုက်နီရေလို့လည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ ထည့်သွင်း ဖော်ပြပါရေ။
