APM ၊ မာ့ချ် ၁၇ / ၂၀၂၃
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတရပ်တည်ထောင်မည်ဆိုပါကလေ့ နောက်ဆုံး၌ တိုင်းရင်းသားများ ၏ အင်အားနန့် အစွမ်းအစများကိုရာ အားကိုးကတ်ရမည်ဟု ပြည်ထောင်စုနိုင်ငံရီးဆွေးနွေးညှိနှိုင်းရီးကော်မတီ FPNCC က မာ့ချ် ၁၆ ရက်နိတွင် ကြေညာချက်ထုတ်၍ ပြောဆိုလိုက်သည်။
FPNCC ၏ ထုတ်ပြန်ချက်တွင် “မြန်မာ့ပြည်တွင်းရီးနန့်ပတ်သက်၍ မိမိရို့ နယ်စပ်ဒေသဟိ လူနည်းစု တိုင်းရင်း သားလူမျိုးများအနီဖြင့် ဗမာပြည်မနန့်အလုံးစုံငြိမ်းချမ်းရီးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တရပ်ကို တည်ထောင်ကတ်ရမည်ဟု ယူဆပါသည်။ ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံ ဟိနီကေလေ့ နောက်ဆုံးတွင် မိမိရို့ လူနည်းစုတိုင်းရင်းသားများ၏ အင်အားနန့် အစွမ်းအစများကိုရာ အားကိုးရမည် ဖြစ်ပါသည်” ဟု ဖော်ပြသည်။
ယင်းအပြင် မြန်မာပြည်အတွင်း ဖြစ်ပေါ်နီသော ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းလားရီးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုထောက်ခံကြောင်းလေ့ ဖော်ပြထားသည်။
မြောက်ပိုင်းအင်အားကြီးမဟာမိတ်တပ်ဖွဲ့များဟု လူသိများသည့် FPNCC သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရီးသဘော တူစာချုပ် NCA နည်းလမ်းနန့်မဟုတ်ဘဲ တခြားနည်းလမ်းဖြင့် နိုင်ငံရီးကို ဆွေးနွေးအဖြေရှာနိုင်ရန် ဖွဲ့စည်းထားသည့်အဖွဲ့အစည်းဖြစ်ပြီး၊ မဟာမိတ်အချင်းချင်းကြားဆက်ဆံရီးတိုးမြှင့်ရန်ရည်ရွယ်လျက် ၎င်းရို့၏ လုပ်ငန်းအစည်းအဝေးကို “ဝ”ပြည်၊ပန်ခမ်းမြို့တွင် မာ့ချ် ၁၅ ရက်မှ ၁၆ ရက်နိအထိ နှစ်ရက်တိုင်တိုင် ကျင်းပပြု လုပ်ခခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ FPNCC အဖွဲ့ဝင် ၇ ဖွဲ့ဖြစ်သည့် “၀” ပြည်သွီးစည်းညီညွတ်ရီးပါတီ(UWSA)၊ ကချင်လွတ်လပ်ရီးအဖွဲ့(KIO)၊ သျှမ်းအရှိ အထူးဒေသ(၄) ငြိမ်းချမ်းရီးနန့် စည်းလုံးရီးကော်မတီ (PSC)၊ သျှမ်းပြည်တိုးတက်ရီးပါ တီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနန့်တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး(PSLF)ရို့မှ ဂေါင်းဆောင်ကြီးများစုံညီစွာတက်ရောက်ခကတ်ကြောင်း သိဟိရသည်။