
APM ၊ မာ့ချ် ၁၇ / ၂၀၂၃
အိန္ဒိယသည် အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံတန်ဖိုးဟိ ဒုံးကျည်များ၊ ရဟတ်ယာဉ်များ၊ အမြောက်သီနတ်များနန့် အီလက် ထရွန်းနစ်စစ်ဆင်ရီးစနစ်များ ဝယ်ယူလားမည်ဟု မာ့ချ် ၁၆ ရက်နိတွင် အတည်ပြုလိုက်ကြောင်း သိရသည်။
အိန္ဒိယစစ်တပ်အတွက် အရင်းအနှီးရယူမှုဆိုင်ရာ ထိပ်တန်းအစိုးရအဖွဲ့အစည်းဖြစ်သည့် Defence Acquisition Council (DAC) သည် စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင်ကုန်ကျမည့်ဝန်ဆောင်မှုအားလုံးအတွက် အမေရိ ကန်ဒေါ်လာ ၈.၅၂ ဘီလီယံကို အတည်ပြုခခြင်းဖြစ်ကြောင်း အိန္ဒိယကာကွယ်ရီး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယင်းဝယ်ယူမည့် စစ်လက်နက်များစာရင်းတွင် BrahMos ဒုံးကျည် ၂၀၀၊ Sukhoi-30MK ဂျက်တိုက်လီယာဉ် ၅၀ နန့် ရီတပ်အတွက် အီလက်ထရွန်းနစ်စစ်ဆင်ရီးစနစ်များပါဝင်ကြောင်း သိရသည်။
BrahMos ဒုံးကျည်အမျိုးအစားသည် အိန္ဒိယနန့်ရုသျှ ပူးပေါင်းထုတ်လုပ်ထားသည့် ၃၀၀ ကီလိုမီတာ အကွာအဝေးဟိ အသံ ထက်မြန်သည့် ဒုံးကျည်အမျိုးအစား ဖြစ်သည်။
ပြည်တွင်းကာကွယ်ရီးထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် အဆိုပါမှာယူထားသည့် စစ်လက်နက်ပစ္စည်းများကို ပြည်တွင်း စစ်လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီများ၌ ထားဟိမည်ဟု ဆိုသည်။
အိန္ဒိယသည် ပြီးခသည့် ငါးနှစ်အတွင်း အမေရိကန်၊ ရုသျှ၊ ပြင်သစ်၊ အစ္စရေးနန့်စပိန် နိုင်ငံများမှ ဟယ်လီကော်ပတာများ၊ လီယာဉ်ရေဒါများ၊ ဒုံးကျည်များ၊ ချေမှုန်းရီးရိုင်ဖယ်များပါဝင်သည့် စစ်လက်နက်ပစ္စည်းများကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံနီးပါးဖိုးခန့် ဝယ်ယူခကြောင်း သိရသည်။
ပြီးခသည့်နှစ်က အိန္ဒိယသည် အိန္ဒိယသမုဒ္ဒရာ၌ တရုတ်၏လုပ်ဆောင်မူအပေါ် စိုးရိမ်ကြောင်းဖော်ပြခသည်။
ယင်းနောက် အိန္ဒိယသည် အိန္ဒိယသမုဒ္ဒရာ ဒေသတလျှောက်လုံး၌ရီတပ်စစ်သင်္ဘောများအား တပ်ဖြန့်ချထားခြင်း၊ ကင်း ထောက်ခြင်းနန့် တခြားစစ်ဆင်ရီးများအတွက် လိုအပ်နီသည့် စစ်ဆင်ရီးစနစ်များ နန့် ရဟတ်ယာဉ်များကို ဝယ်ယူရန် အဂုပိုင် အတည်ပြုလိုက်ခြင်းဖြစ်သည်။
Source – India Approves Purchase Of Military Equipment Worth $8.5 Billion
Photo – Reuters
