APM ၊ မာ့ချ် ၁၇ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ် မှ အုပ်ချုပ်ရီးမှူးနှစ်ယောက်အမှုကို ဒေနိ(မာ့ချ် ၁၇ ရက်နိ)တွင် ဘူးသီးတောင်မြို့တရားရုံး၌ ရုံးထုတ်စစ်ဆီးခြင်းမဟိပဲ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
၁၇(၁)နန့်တရားစွဲခံထားရသည့် အုပ်ချုပ်ရီးမှူးနှစ်ယောက်မှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးရွာ အုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်း ရို့ဖြစ်ကတ်သည်။
အမှုကို ဒေနိတွင် ရုံးထုတ်စစ်ဆီးမည်ဟု ရုံးချိန်းထားပြီးမှ ဥပဒေအရာဟိအစည်းအဝေးလားခရသည်ဟုဆိုကာ ရုံးထုတ်စစ်ဆီးခြင်းမဟိဘဲ လာမည့် မာ့ချ် ၂၃ ရက်နိသို့ ရုံးချိန်းရွှိလိုက်ကြောင်း သိရသည်။
ပြီးခသည့် ၂၀၂၂ ခုနှစ် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာစစ်တပ် ခလရ (၂၃၄) တပ်ရင်းမှ ဘူသီးတောင် မြို့နယ်ဟိ အုပ်ချုပ်ရီးမှူး ၁၂ ယောက်အားတွိဆုံရန် ခေါ်ယူခပြီးနောက် ယင်းအထဲမှ တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးအုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်းရို့နှစ်ယောက်ကိုပြန်မလွှတ်ဘဲ ဖမ်းထားလိုက်သည်။
ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု စွပ်စွဲကာ အုပ်ချုပ်ရီးမှူးနှစ်ယောက်စလုံးအား ပုဒ်မ ၁၇(၁) နန့် တရားစွဲ ဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင်အကျဉ်းထောင်၊ ထောင်ချုပ်၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိဟိရသည်။