APM ၊ မာ့ချ် ၁၇ / ၂၀၂၃
ရက္ခိုင်ပြည် စစ်ဖီးယှောင်စခန်းများတွင် လတ်တလော၌ စားနပ်ရိက္ခာအခက်အခဲများနန့်ရင်ဆိုင်နီကတ်ရကြောင်း သိရသည်။
ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ စစ်ဖီးယှောင်စခန်းများတွင် ခိုလှုံနီကတ်ရသူအများသည် ၂၀၁၈/၂၀၁၉ တိုက်ပွဲ ကာလများအတွင်းကပင် နီရပ်စွန်ခွာတိမ်းယှောင်လာကတ်ရသူများအပြင်ကုန်ခသည့် တကျော့ပြန်တိုက်ပွဲကာလ အတွင်းက နီရပ်စွန်ခွာလာကတ်ရသူများလေ့ ပါဝင်သည်။
ယင်းစစ်ဖီးယှောင်များသည် မိမိရပ်ရွာအနားပတ်ဝန်းကျင်၌ မြန်မာစစ်တပ်က တပ်စွဲထားခြင်း၊ မိုင်းအန္ထရာယ် စိုးရိမ်ရခြင်းများကြောင့် လက်ဟိအချိန်ထိ နီရပ်မပြန်နိုင်ကတ်သိမ့်ဘဲ စစ်ဖီးယှောင်စခန်းများတွင်သာ ခိုလှုံနီကတ် ရသိမ့်ကာ စားဝတ်နီရီးအခက်အခဲဖြစ်နီကတ်ရသည်။
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် စစ်ဖီးယှောင်စခန်းတွင် လက်ဟိ၌ အလှူသျှင်များ နည်းပါးနီသည့်အပြင် ကုန်ဈီး နှုန်းများလေ့ အဆမတန်မြင့်တက်နီ၍ စခန်းဟိစစ်ဖီးယှောင်အများစု စားဝတ်နီရီးအခက်အခဲ ဖြစ်နီကတ်ရသည်ဟု စစ်ဖီးယှောင်များက ပြောသည်။
ယိုးတရုပ်စစ်ဖီးယှောင် စခန်းတွင် အိမ်ထောင်စု ၁၅၉ စုနန့် လူဦးရေ ၆၂၇ ယောက် ခိုလှုံလျက်ဟိပြီး တကျော့ပြန် တိုက်ပွဲ ကာလအတွင်းက နီရပ်စွန့်ခွာတိမ်းယှောင်လာကတ်ရသည့် ကျောက်တော်နန့် ပုဏ္ဏားကျွန်းမြို့နယ်ဟိ ဒေးဝန်း၊ ရွက်ညှိုးတောင်၊ ဘုတ္တော၊ ကွမ်းအုံစု၊ ချောင်းတူ စသည့် ကျေးရွာများမှ ဒေသခံများဖြစ်သည်။
ယင်းအပြင် ကျောက်တော်မြို့နယ် ကန်စောက်စစ်ဖီးယှောင်စခန်းတွင်လေ့ စစ်ဖီးယှောင်အများစုမှာ နိစားအလုပ်ပြီး ဝမ်းရီးဖြည့်တင်းနီရကတ်ကာ မိသားစုများသည့်စစ်ဖီးယှောင်များအတွက် အကြီးအကျယ် အခက်အခဲဖြစ်နီ ကတ်ရသည်ဟု စခန်းတာဝန်ခံက ဆိုသည်။
ကန်စောက်စစ်ဖီးယှောင်စခန်းမှာတော့ ကျောက်တော်မြို့နယ် ရွှေပြည် ၊တင်းမ၊ ပြိုင်းတိုင်းနန့် ပလက်ဝမြို့နယ် မှ ပလုပ်တောင်၊ စိမ်းစင်း စသည့် ကျေးရွာများမှဒေသခံများခိုလှုံလျက်ဟိပြီး အိမ်ထောင်စု ၅၇ စုနန့် လူဦးရေ ၂၂၂ ယောက်ဟိသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်စစ်ဖီးယှောင်စခန်း၊ ဗန်းဗွီးစစ်ဖီးယှောင်စခန်းနန့် ကျောက်တော်မြို့ နယ် ဝါးတောင်စစ်ဖီးယှောင်စခန်းအပါအဝင် ရက္ခိုင်ပြည်မြို့နယ်အသီးသီးမှ စစ်ဖီးယှောင်စခန်းများဟိ စစ်ဖီးယှောင်အများစုမှာ ကြုံရာကျဗန်းအလုပ်လုပ်ကာ စားဝတ်နီရီးအတွက် ဖြစ်ပိုင်ရုန်းကန်နီကတ်ရပြီး၊ အဆင်မပြေမှု ပေါင်းများစွာကို ဆိုးဝါးစွာ ရင် ဆိုင်နီကတ်ရသည်။
စစ်ဖီးယှောင်စခန်းများဟိ ယာယီလူနီအဆောင်များကိုလေ့ တာပေါ်လင်စများဖြင့်ဆောက်လုပ် ထားခြင်းဖြစ်ပြီး မိုးရာသီ၌ နီထိုင်ရန် အဆင်မပြေ၍ ရာသီဥတုဒဏ်ခံနိုင်အောင် သစ်၊ဝါး များဖြင့် ပြုပြင်ဆောက်လုပ်ရန် အရေးတကြီးလိုအပ်နီသည်။
ရက္ခိုင်တွင် ရက္ခိုင်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း စစ်ဖီးယှောင်တချို့ နီရပ်ပြန် လားကေလေ့ လက်ဟိအချိန်ထိ နီရပ်မပြန်နိုင်သိမ့်ဘဲ စစ်ဖီးယှောင်စခန်းအသီးသီး၌ ခိုလှုံနီကတ်ရသည့် စစ်ဖီးယှောင်ဦးရေ စုစုပေါင်း ၈၀၀၀၀ ကျော်ဟိနီသိမ့်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါးစပ်ညှိနှိုင်းရီး မှူးရုံး(UNOCHA) ၏ ထုတ်ပြန်ချက်အရ သိဟိရပါသည်။