
APM ၊ မာ့ချ် ၁၇ / ၂၀၂၃
မြန်မာပြည်၌ နှစ်ဖက်စလုံးက အင်အားသုံး၍ အနိုင်ရရန် ကြံရွယ်နီသဖြင့် ပဋိပက္ခများကို စေ့စပ်ညှိနှိုင်း အဖြေရှာရန် အလားအလာမဟိကြောင်း မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာက မာ့ချ် ၁၆ ရက်နိတွင် ပြောကြားလိုက်သည်။
ကုလအထူးကိုယ်စားလှယ်က ကုလသမဂ္ဂအထွေထွေညီလာခံ၌တက်ရောက်နီသည့် နိုင်ငံတကာသံအမတ် ၁၉၃ ယောက်ကို မြန်မာ့အရေးနန့်ပတ်သက်၍ တင်ပြရာတွင် နိုလင်းဟေဇာက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာပြည်တွင်း၌ အကြမ်းဖက်မှုများမှာ စိုးရိမ်ဖွယ်ရာအတိုင်းအတာ နန့် ဆက်လက်ဖြစ်ပွားနီသည်ဟု သူမက ဆိုသည်။
အလားတူ လက်နက်ကိုင်တိုက်ပွဲများသည်လေ့ အယင်ငြိမ်းချမ်းသည့်နီရာများတွင်ပါ ဖြစ်ပွားနီသည့်အတွက် အရပ်သားပြည်သူများ ထိခိုက် သီဆုံးနီရပြီး၊ မြန်မာပြည်သူ ၁၇.၆သန်းသည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နီကြောင်းသူမက ထည့်သွင်း ပြောကြားခသည်။
ယင်းအပြင် စစ်ကောင်စီသည် အရေးပေါ်ကာလကို ပြီးခသည့်ဖေဖော်ဝါရီလတွင် ထပ်တိုးကာ၊ တိုက်ပွဲအဟုန် မြှင့်တင်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်း၊အရပ်သားပြည်သူများ၏ နီအိမ်များကို မီးတိုက်ဖျက် ဆီးခြင်းများအပါအဝင်လူ့အခွင့်အရေးချိုးဖောက်မှု များကို ဆက်လုပ်နီပြီး၊ မြို့နယ် ၇၄ မြို့နယ်တွင် မာချယ်လော အမိန့်များကို ထုတ်ပြန် ထားကြောင်းလေ့ ပြောဆိုလားခသည်။
Source – UN envoy: Wide resistance to Myanmar military’s repression
Photo – AP
