APM ၊ မာ့ချ် ၁၉ / ၂၀၂၃
လာဟိုးမြို့ အရှိပိုင်းဟိ ၀န်ကြီးချုပ်ဟောင်းအီမရာခမ်း၏ နီအိမ်ကို ပါကစ္စတန်ရဲတပ်ဖွဲ့က မာ့ချ် ၁၈ ရက်နိတွင်ဝင်ရောက်စီးနင်းရာ ဝန်ကြီးချုပ်ဟောင်းထောက်ခံသူများနန့်ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခပြီး အီမရန်ခမ်းကိုထောက်ခံသူ ၆၁ ယောက် ကို ဖမ်းဆီးခကြောင်း တာဝန်ဟိသူများက ပြောသည်။
အဆိုပါဝင်ရောက်စီးနင်းမှုကို ဦးဆောင်ခသည့် အကြီးတန်းရဲအရာဟိ ဆူခီယာက အီရန်ခန်းကို ဖမ်းဆီးရန်ကြိုးပမ်းချိန်ရာတွင် အီမရာခမ်းထောက်ခံသူများနန့် ထိပ်တိုက်တွိဆုံကာ အီမရာခမ်း၏ နီအိမ်အနီးတဝိုက်ဟိ လမ်းများတွင် ခုခံသူများပြုလုပ်ထားသည့် ကွန်ကရစ်တုံးများ၊ သစ်ပင်များ၊ ထရပ်ကားများနန့် ပိတ်ဆို့မှုများကို ဖယ်ယှားခရသည်ဟု ဆိုသည်။
ရုန်းရင်းဆန်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများနန့်လူစုခွဲရန်ကြိုးပမ်းခပြီး အီမရာခန်း ထောက်ခံသူများမှ ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲများဖြင့်ပစ်ပေါက်ခရာ ရဲတပ်ဖွဲ့ဝင် သုံးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာများရဟိခကြောင်းလေ့ ဆူခီယာက ပြောကြားသည်။
ယင်းအပြင် ဆူခီယာက ရဲတပ်ဖွဲ့သည် အီရန်ခန်း၏ အိမ်ဝင်ပေါက်ကို စီးနင်းခပြီးနောက် အိမ်အတွင်းတွင် အော်တိုမစ်တစ် သီနတ်များ၊ သံချောင်းများ၊ နံပတ်တုတ်များကိုတွိဟိခသည်ဟု ဆိုသည်။
ပြည်ထဲရီးဝန်ကြီး Rana Sanaullah ကလေ့ ရဲတပ်ဖွဲ့သည် အီမရာခမ်း၏နီအိမ်အား ဝင်ရောက်ရှာဖွီရာတွင် ဗုံးခိုကျင်းများကို တွိဟိခပြီး၊ တရားမဝင်လက်နက်များနန့် ခဲယမ်းမီးကျောက်များ ဝှက်ထားသည်ဟု သံသယဟိကြောင်း ပြောကြားထား သည်။
ဝန်ကြီးချုပ်ဟောင်းအီမရာခမ်းသည် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူနီစဉ်ကာလအတွင်း နိုင်ငံတော်လက်ဆောင်များကို အလွဲ သုံးစား လုပ်သည်ဆိုသည့် စွပ်စွဲချက်များနန့် ရင်ဆိုင်နီရကာ အဆိုပါကြားနာမှုကို တရားရုံးက မာ့ချ် ၃၀ ရက်နိအထိ ရွှိဆိုင်းထားသည်။
ရုန်းရင်းဆန်ခတ်ဖြစ်နီစဉ်တွင် အီမရာခန်းသည် ၎င်း၏နီအိမ်တွင်မဟိဘဲ အစ္စလာမာဘတ်မြို့သို့ လားရောက်နီကြောင်း သိဟိရသည်။
ပြီးခသည့် မာ့ချ် ၁၄ ရက်နိကလေ့ အမှုရင်ဆိုင်ရန်တရားရုံးချိန်းပျက်ကွက်ခသည့် ဝန်ကြီးချုပ်ဟောင်းကို ရဲတပ်ဖွဲ့က ၎င်း၏နီအိမ်တွင် ဝင်ရောက်ဖမ်းဆီးရန် ကြိုးပမ်းခကတ်ပြီး အီမရမ်ခမ်းထောက်ခံသူများနန့်ရဲတပ်ဖွဲ့အကြားရုန်းရင်းဆန်ခတ်ဖြစ်ပွားခပြီး အဆိုပါ အဖြစ်အပျက်များကြောင့် အီမရာခမ်းအားဖမ်းဆီးမှုကို ယာယီတားမြစ် ကြောင်း တရားရုံးက မာ့ချ် ၁၅ ရက်နိတွင် ကြေညာခသည်။
Source – Pakistani Police Raid Home of Former PM Imran Khan as Supporters Clash With Police
Photo – AFP