
APM ၊ မာ့ချ် ၁၈ / ၂၀၂၃
တရုတ်သမ္မတ ချီကျင့်ဖျင်သည် ရုသျှသမ္မတပူတင်နန့်တွိဆုံရန် လာမည့် မာ့ချ် ၂၀ရက်နိတွင် ရုသျှနိုင်ငံသို့ လားရောက်မည် ဖြစ်ကြောင်း သိရသည်။
ရုသျှသမ္မတပူတင်၏ ဖိတ်ကြားချက်အရ တရုတ်သမ္မတ ချီကျင့်ဖျင်သည် မာ့ချ် ၂၀ ရက်နိမှ ၂၂ ရက်နိအထိ ရုသျှသို့ နိုင်ငံ တော် အလည်အပတ်ခရီးစဉ်အဖြစ် လားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်သည် နှစ်နိုင်ငံအကြားချစ်ကြည်ရင်း နှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနန့် ငြိမ်းချမ်းရီးအတွက်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရီးဝန်ကြီးဌာနပြောခွင့်ရ ဝမ်ဝန်ပင်းက ပြောကြားသည်။
သမ္မတချီကျင့်ဖျင်နန့် ရုသျှသမ္မတရို့သည် မဟာမိတ်ဆက်ဆံရီးကို ထိန်းသိမ်းထားပြီး ၎င်းရို့၏ဂေါင်းဆောင်မှုနန့် လမ်းညွှန်မှုအောက်တွင် တရုတ်-ရုသျှ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ညှိနှိုင်းဆောင်ရွက်မှုသည် တည်ငြိမ်၍ ခိုင်မာသည့် ဖွံဖြိုး တိုးတက်မှုကို ရဟိခသည်ဟုလေ့ ဝမ်ဝန်ပင်းက ဆိုသည်။
ခရီးစဉ်အတွင်း သမ္မတချီကျင့်ဖျင်နန့် သမ္မတပူတင်ရို့သည် နှစ်နိုင်ငံဆက်ဆံရီးအပြင် နိုင်ငံတကာနန့် ဒေသတွင်း ဘုံစိုးရိမ်မှုဆိုင်ရာ အဓိကကိစ္စရပ်များနန့် ပတ်သက်၍ အဓိကထားဆွေးနွေးလားမည်ဖြစ်ပြီး၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် ဆွေးနွေးလားမည်ဖြစ်ကြောင်း ဝမ်ဝန်ပင်းက ပြောကြားသည်။
ယင်းအပြင် အဆိုပါခရီးစဉ်သည် တရုတ်နိုင်ငံနန့် ရုသျှနိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနန့် နားလည်မှု ပိုမိုနက်ရှိုင်းစီမည့် ချစ်ကြည်ရီးခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအကြား မျိုးဆက်ပေါင်းများစွာ ချစ်ကြည်ရင်းနှီး ရီးအတွက် နိုင်ငံရီး အခြေခံ အုတ်မြစ်ကို ခိုင်မာစီမည်ဖြစ်ကြောင်း ဝမ်ဝန်ပင်းက ဆက်လက်ပြောကြားခသည်။
Source – Xi’s Russia trip to advance friendship, cooperation, peace: Spokesperson
Photo – AP
