APM ၊ မာ့ချ် ၁၈ / ၂၀၂၃
ဘရိုက်တန်အသင်းသည် အသင်း၏တောင်ပံကဇတ်သမား ဆိုလီမက်ကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရသည်။
အသက် ၂၈ နှစ်အရွယ် တောင်ပံကဇတ်သမား ဆိုလီမက်သည် ဒေဂုရာသီတွင်အသင်း၌ခြီစွမ်းပြနီပြီး၊အသင်းဖက်မှ ကဇတ်သမားအား ဆက်ထိန်းထားလိုသည့်အတွက် ကဇတ်သမားနန့် ညှိနှိုင်းကာ နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ် သည်။
“အသင်းနန့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်စွာက သတင်းကောင်းတခုပါ။ သူက ဒေစာချုပ်သစ်နန့် ထိုက်တန်ပါရေ။ အသင်းမှာ ဒေဂုပိုင်ကဇတ်သမားကောင်းတိနန့် ဆက်ပြီးကေလက်တွဲခွင့်ရလို့ ဝမ်းသာပါရေ” ဟု ဘရိုက်တန် နည်းပြ ရောဘတ်တို ဒီဇာဗီက ဆိုသည်။
ဆိုလီမက်သည် ၂၀၁၁ ခုနှစ်တွင် လူးဝစ်အသင်းကနီ ဘရိုက်တန်သို့ ရောက်ဟိလာပြီး ဒေဂုရာသီပရီးမီးယားလိဂ်၌ ဘရိုက်တန်အသင်းနန့် တတူ ၂၅ ပွဲပါဝင်ကဇတ်ထားကာ ၇ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု (၄) ကြိမ်ပြုလုပ်ထား ကြောင်း သိဟိရသည်။
Source – Solly March: Brighton winger signs new contract until 2026
Photo – Sky Sports