APM ၊ ဖေဖော်ဝါရီ ၁၇ / ၂၀၂၃
မြေပုံမြို့နယ်တွင် နွားများရောဂါဖြစ်၍ သီဆုံးနီမှုမှာ လက်ဟိအချိန်အထိ လျော့ကျမလားဘဲ ပိုတိုးလာနီကြောင်း သိရသည်။
ဖေဖော်ဝါရီ ပထမအပတ်မှစ၍ မြေပုံမြို့နယ်ရှောက်ခြုံ၊ ချောင်းကြီး၊ ပင်ကပ်တောင်မော်၊ ရက်ချောင်း၊ ယိုးစနွင်း၊ ဂြန့်ဟင်းခါး စသည့် ကျေးရွာအုပ်စုများ၌ နွားများရောဂါဖြစ်၍ သီဆုံးနီခြင်းဖြစ်သည်။
နွားများ၌ဖြစ်နီသည့် ရောဂါမှာ လည်ချောင်းကွဲရောဂါဟု သိရပြီး လက်ဟိ ဖေဖော်ဝါရီ တတိယအပတ်အထိလေ့ သီဆုံးမှုနှုန်းမှာ လျော့ကျမလားဘဲ ပို၍တိုးလာနီကြောင်း ဒေသခံများပြောသည်။
ယင်းရောဂါဖြစ်ပွားလျှင် နွားများ၌ နှာရည်ယိုခြင်း၊ ခန္ဓာအနှံ့ အဖုအဖိန့်များပေါက်ခြင်း၊ အစာမစားခြင်း၊ စအိုပေါက်မှ သွီးများယိုခြင်း စသည့် ရောဂါလက္ခဏာများ တွိရသည်ဟု ဆိုသည်။
ယင်းအပြင် အဆိုပါရောဂါသည် တစတစပြန့်နှံ့လျက်ဟိပြီး ကပိုင်ချောင်း၊ ကျောက်နား၊ ကြာအင်းတောင် စသည့်ကျေးရွာများ၌လေ့ နွားများတွင် အဆိုပါ ရောဂါလက္ခာဏာများ တွိလာနီရကာ လက်ဟိအချိန်ထိတော့ နွားများသီဆုံးမှု မဟိသိမ့်ကြောင်း သိဟိရသည်။
Photo – Western News