
APM ၊ ဖေဖော်ဝါရီ ၁၇ / ၂၀၂၃
ရက္ခိုင်ပြည်အရေး နန့်ပတ်သက်၍ ရလဒ်ကောင်းများထွက်ပေါ်လာကြောင်းနီပွန်ဖောင်ဒေးသျှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ပြောကြားလိုက်သည်။
စင်္ကာပူအခြီစိုက် သတင်းမီဒီယာတခုဖြစ်သည့် Channel News Asia သတင်းဌာန နန့် အင်တာဗျူးတရပ်တွင် မစ္စတာဆာဆာကာဝါက ယင်းသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။
အယင်က တိုက်ပွဲများဖြင့် ပြည်တွင်းတည်ငြိမ်မှုမဟိခသည့် ရက္ခိုင်ပြည်တွင် လက်ဟိအချိန်၌ တိုက်ပွဲသံ၊ လက်နက်သံများ မကြားရဘဲ ပြည်တွင်းတည်ငြိမ်အီးချမ်းနီမှုကို သူတွိခရကြောင်း မစ္စတာဆာဆာကာဝါက ဆို သည်။
ယင်းအပြင် ရက္ခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ကြား ဖြစ်ပွားနီသည့် တိုက်ပွဲများအဆုံးသတ်ရီးနန့် ရက္ခိုင်ပြည်အရေးကို ပြဿနာ၊ ပဋိပက္ခများ မပေါ်ပေါက်ဘဲ ဖြေယှင်းနိုင်ရီးအတွက်“လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရီး”ဆိုသည့် ကောင်းမွန်သော ရလဒ်တခုကို ရဟိနိုင်ခသည်ဟုလေ့ သူက ပြော ကြားခသိမ့်သည်။
ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့၏ ရက္ခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲများသည် မစ္စတာဆာဆာ ကာဝါ၏ ကြားဝင်ဆောင်ရွက်မှုဖြင့် ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာ ၂၆ ရက်နိမှစကာ ရပ်တန့်ခသည်။
မစ္စတာဆာဆာကာဝါသည့် ကုန်ခသည့် ၂၀၁၃ ခုနှစ်မှစ၍ ဂျပန်နိုင်ငံအထူးသံတမန်ဖြင့် ခန့်အပ်ခံရပြီးနောက်ပိုင်း မြန်မာအရေး ငြိမ်းချမ်းရီးဆွေးနွေးမှုများတွင် ကြားဝင်ညှိနှိုင်းပီးလျက်ဟိကြောင်း သိဟိရသည်။
