
APM ၊ ဖေဖော်ဝါရီ ၁၇ / ၂၀၂၃
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် မြန်မာပြည်မှ ပဋိပက္ခများကြောင့် ထွက်ဗြီးတိမ်းယှောင်နီကတ်သည့် စစ်ဖီးယှောင်များကို ယာယီခိုလှုံနီထိုင်ခွင့်ပြုရန် စစ်ဖီးယှောင်ကူညီရီးအဖွဲ့များက မဏိပူရ်ပြည်နယ်အစိုးရကို တောင်းဆိုထားမှု ဝန်ကြီးချုပ် သဘောတူကြောင်း သိရသည်။
မြန်မာစစ်ဖီးယှောင်များအား ယာယီနီထိုင်ခွင့်ပြုရန်တောင်းဆိုထားမှုကို ဝန်ကြီးချုပ်က သဘောတူထားပြီး တရားဝင်အမိန့် မထုတ်ပြန်သိမ့်ကြောင်း စစ်ဖီးယှောင်အရေး ကူညီပီးနီသည့် Burma Refugee Committee Kabaw Vally အဖွဲ့နာယက ဦးထန်ဆေးက ခေါနုသုမ်ဒီယာနန့် တခြားဒေသတွင်း သတင်းဌာနများကို ဖြေကြားထားသည်။
ယာယီနီထိုင်ခွင့်ပြုရန် တောင်းဆိုမှုကို Burma Refugee Committee Kabaw Vally အဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ထံသို့ ဂျန်နဝါရီ ၂၈ရက်နိ ရက်စွဲနန့်ပီးပို့ခပြီး မိုးရေးမြိုအခြီစိုက် အရပ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Hill Tribal Council၊ Kuki Students’ Organization၊ Kuki Women Union and Human Right၊ Model Youth Club နန့် Kuki Khanglai Lawmpi အဖွဲ့(၅)ဖွဲ့က ထပ်မံစာရွီးသားတောင်းဆိုခသည်ဟု ဦးထန်ဆေးက ဆိုသည်။
ယင်းသို့ တောင်းဆိုခသည့်အချက်များမှာ အိန္ဒိယအစိုးရမှ ဖမ်းဆီးထားသည့် မြန်မာစစ်ဖီးယှောင်များအား လူသားချင်းစာနာ ထောက်ထားပြီး ပြန်လွှတ်ပီးရန်၊ ပြည်လည်လွှတ်ပီးရာတွင် စစ်ကောင်စီထံ မလွှဲပီးရန်၊ စစ်ဖီးယှောင် ဒုက္ခသည်များအဖြစ်အသိအမှတ်ပြုပြီး ယာယီကဒ်များထုတ်ပီးရန်၊ မြန်မာပြည်မှ အခြေအနေများ တည်ငြိမ်လာသည်အထိ ခိုလှုံခွင့်ပီးရန် စသည့်အချက်များပါဝင်သည်ဟု သိရသည်။
မဏိပူရ်အစိုးရသည် မိုးရေးမြို့နယ်၊ လန်းချန်းကျေးရွာနန့် နီးယူဆလ်ဘုန်းကျေးရွာတွင် ခိုလှုံနီကြသည့် မြန်မာစစ်ဖီးယှောင် ၈၀ ခန့်ကို တရားမဝင် ဝင်ရောက်နီထိုင်မှုနန့် ပြီးခသည့် ဂျန်နဝါရီ ၂၇ရက်နိက ဖမ်းဆီးခပြီး လက်ဟိတွင် အင်ဖာအကျဉ်း ထောင်၌ ထိန်းသိမ်းထားကြောင်း သိဟိရသည်။
Photo – Hill Tribal Council
