
APM ၊ ဖေဖော်ဝါရီ ၁၇ / ၂၀၂၃
ပေါက်တောမြို့နယ်၊ စိုင်းတောင်ကျွန်း လည်ဖူးတော် ဘုရားပွဲတွင် ရက္ခိုင်-မူဆလင် ချစ်ကြည်ရီး ဘောလုံးပွဲကို ဖေ ဖော်ဝါရီ ၇ ရက်နိမှစ၍ ဒေနိ (ဖေဖော်ဝါ ရီ ၁၇ ရက်နိ) အထိ ၁၀ ရက်တိုင်တိုင်ကျင်းပပြုလုပ်ခကြောင်း သိရသည်။
ယင်းဘောလုံးပွဲ၌ ရက္ခိုင်ရွာ ၁၂ ရွာမှ အသင်းပေါင်း ၅၀ ကျော်နန့် မူဆလင်ရွာ ၅ရွာမှ အသင်းပေါင်း ၃၄ သင်းဝင် ရောက် ယှဉ်ပြိုင်ကဇတ်ခ သည်ဟု ပွဲဖြစ်မြောက် ရီးကော်မတီ တာဝန်ဟိသူများက ပြော သည်။
ယင်းအပြင် ယင်းမူဆလင်ရွာ ၅ ရွာ စုပေါင်း၍လေ့ လည်ဖူးတော်ဘုရား ဗုဒ္ဓပူဇနိယပွဲအတွက် ငွေကျပ် ၂၂ သိန်းလှူ ဒါန်းခကတ်သိမ့်သည်ဟု ဆိုသည်။
ယင်းပွဲ၌ ဒုံရွာ၊ လင်ဘာဒီယာ၊ ငှက်ချောင်း၊ ချအိုက်၊ ဂျော်ဂျီ စသည့်မူဆလင်ရွာများနန့် ပုဏ္ဏားကြီး၊ သစ်ပုတ်၊ ချောင်းစောက်၊ ပြွန်ခေါင်၊ ကန်ချောင်း၊ သာစည်၊ စစ်တောင်း၊ ဂြင်းစွယ်စသည့်ကျေးရွာများအပါအဝင် ရက္ခိုင်ရွာ ၁၂ ရွာ ပါဝင်ကဇတ်ခကာ မူဆလင်ရွာများဖက်မှ လင်ဘာဒီယာနန့် ရက္ခိုင်ရွာများဖက်တွင် ပြွန်ခေါင်ရွာက အနိုင်ရ လားခကြောင်း သိရသည်။
အဆိုပါ လည်ဖူးတော်ဘုရား ဗုဒ္ဓပူဇနိယပွဲ၌ ခေတ်အဆက်ဆက်ကပင် မူဆလင်ရွာများမှ အလှူငွေများလှူးဒါန်း ခြင်း၊ ချစ်ကြည်ရီးဘောလုံးပွဲများ ဝင်ရောက်ယှဉ် ပြိုင်ခြင်းများ ပြုလုပ်လိဟိကြောင်းလေ့ သိဟိရပါသည်။



