APM ၊ ဖေဖော်ဝါရီ ၁၇ / ၂၀၂၃
ရက္ခိုင်ပြည်မှ ဆားလုပ်ငန်းလုပ်ကိုင်နီသည့် ဆားလုပ်ငန်းသျှင်များနန့် ဆားလုပ်တောင်သူများအတွက် ဒေလ (ဖေဖော်ဝါရီလ)အတွင်း ငွေကျပ် သိန်းတသောင်း ထုတ်ချီးလားမည်ဖြစ်ကြောင်း သယံဇာတနန့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရီးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနလက်အောက်ဟိ ဆားလုပ်ငန်းဌာနခွဲမှ သိဟိရသည်။
ယင်းချီးငွေပမာဏသည် ရက္ခိုင်ပြည်ဟိ ဆားတောင်သူ ၈၈ ဦး၊ ဧကအားဖြင့် ၁၄၀၀ ဧကခန့်နန့် ဆားစက် ၁၆ လုံးအတွက် ချီးငွေလျာထားခြင်းဖြစ်ပြီး ဆားတောင်သူများအတွက် တဧကကို ၅ သိန်းကျပ်၊ ဆားကြိတ်စက်များကို သိန်း ၁၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ ထုတ်ချီးလားမည်ဟုဆားလုပ်ငန်းဌာနခွဲ တာဝန်ဟိသူများက ပြောသည်။
ချီးငွေယူထားသူများမှာ တလကို အတိုး ၅ မူးနှုန်းနန့် ၆ လပြည့်လျှင် အတိုးကို ပီးချေရမည်ဖြစ်ပြီး အရင်းငွေကိုတော့ တနှစ်ပြည့်မှ ပီးချီရမည်ဟု ဆိုသည်။
ယင်းအပြင် ဒေနှစ်ထွက် ပြည်တွင်းဆားများကိုလေ့ တဖက်ဘင်္ဂလားဒေ့ချ်သို့ တင်ပို့နိုင်ရန် နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ထားသည့်အပြင် ကုန်သည်များအချင်းချင်းလေ့ ချိတ်ဆက်ထားကြောင်း သိရသည်။
ရက္ခိုင်ပြည်ဟိ ဆားလုပ်ငန်းများကို ကျောက်ဖြူ၊ စစ်တွေနန့် ပေါက်တောမြို့နယ်များတွင် လုပ်ကိုင်လျက်ဟိပြီး ဒေနှစ်ဆားလုပ်သည့် ဧကပေါင်း ၅၀၀၀ ဝန်းကျင်ခန့်ဟိကြောင်း သိဟိရသည်။
Photo-DMG