
APM၊ နိုဗမ်ဘာ ၁၇/ ၂၀၂၃
သျှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးမြို့မာ နိုဗမ်ဘာ ၁၆ ရက်နိ၊ မွန်းလွဲ ၂ နာရီခွဲလောက်က မပေါက်ကွဲသိမ့်ရေ စစ်ကျန် RPG ကျည်ကိုကောက်ယူကဇတ်ကတ်ရာက ပေါက်ကွဲမှုဖြစ်လို့လို့ အချေ ၃ ယောက် သီဆုံးလားကြောင်း သိရပါရေ။
ဖြစ်စဉ်မာ မုံးကိုးမြို့၊ ရပ်ကွက်(၆)က ယောင်္ကျားချေ ၃ ယောက်စွာ လယ်တောထဲ ကျွဲကျောင်းစွာမာ မပေါက်ကွဲသိမ့်ရေ စစ်ကျန် RPG ကျည်တလုံး ကောက်ရပြီးကေ ပစ်ပေါက်ကဇတ်ကတ်ရာက ပေါက်ကွဲခစွာလို့ ဒေသခံတိက ဆိုပါရေ။
အဆိုပါကျည်ပေါက်ကွဲမှုကြောင့် ၂ ယောက်စွာ နီရာမာ ပွဲချင်းပြီးသီဆုံးခပြီးကေ နောက်တယောက်က ဆီးရုံသို့ ပို့ဆောင်ချိန် လမ်းမာ သီလားစွာလို့ဆိုပါရေ။
သီဆုံးလားရေ အချေ ၃ ယောက်ထဲက ၂ ယောက်စွာ အသက် ၁၂ နှစ်ဖြစ်ပြီးကေ နောက်တယောက်စွာ အသက် ၁၃ နှစ်ဖြစ်တေလို့ ဆိုပါရေ။
မုံးကိုးမြို့စွာ လက်ဟိမာ ၁၀၂၇ စစ်ဆင်ရီးအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့သိမ်းယူထားရေ မြို့ဖြစ်ပါရေ။
Photo – CJ


