
APM၊ နိုဗမ်ဘာ ၁၇/ ၂၀၂၃
ချင်းပြည်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာမာ စစ်ကောင်စီ၏ လီကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သီဆုံးခရေ ပြည်သူ ၁၃ ယောက်ထဲအချေ ၈ ယောက်ပါဝင်ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရီးအဖွဲ့က နိုဗမ်ဘာ ၁၆ ရက်နိထုတ်ပြန်ပါရေ။
စစ်ကောင်စီရေ နိုဗမ်ဘာ ၁၅ ရက်နိ၊ ညဇာ ၇ နာရီလောက်မာ ဂျက်ဖိုက်တာ ၂ စီးနန့် ဝေလူးကျေးရွာကို စာသင်ကျောင်းတိ၊ လူနီအိမ်တိကို ဦးတည်ဗုံးကြဲတိုက်ခိုက်ခရေလို့ ဆိုပါရေ။
ယင်းဗုံးကြဲတိုက်ခိုက်မှုစွာ ညပိုင်း အချေတိ စာဖတ်ဝိုင်းသို့ ကျရောက်ပေါက်ကွဲပနာ အချေ ၈ ယောက်နန့် CDM ကျောင်းဆရာတဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၃ ယောက် သီဆုံးခစွာဖြစ်ပါရေ။
သီဆုံးခရေအချေတိမာ အသက် ၅ နှစ်၊ ၇ နှစ်နန့် ၁၁ နှစ်အရွယ် မမာ့ချေ ၃ ယောက်၊ အသက် ၇ နှစ်အရွယ် ယောင်္ကျားချေ ၂ယောက်၊ အသက် ၉ နှစ်၊ ၁၁ နှစ်နန့် ၁၂ နှစ်အရွယ် တခြားယောင်္ကျားချေ ၃ ယောက်ဖြစ်ပါရေ။
အဆိုပါ အပြစ်မဲ့ပြည်သူတိ အသက်ပီးဆုံးယှုံးမှုအပေါ် ချင်းဒေသကာကွယ်ရီးတပ်ဖွဲ့(မတူပီ) တပ်ရင်း (၃)ကလည်း အထူးဝမ်းနည်းကြေကွဲ ကြောင်း၊ ပီးဆပ်မှုအပေါ် လေးစားဂုဏ်ယူကြောင်းနန့် ကျဆုံးလားရေပြည်သူတိအတွက် စစ်အာဏာသျှင် အမြစ်ပြတ်တေအထိ တိုက်ပွဲဝင်လားဖို့ဖြစ်ကြောင်း ထုတ်ပြန်အသိပီးထားပါရေ။
Photo – မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရီးအဖွဲ့
