APM၊ နိုဗမ်ဘာ ၁၇/ ၂၀၂၃
ပဲခူး၊ ရွှီကျင်မြို့နယ်၊ ကျားချောင်းရွာအနားဟိ စစ်ကောင်စီတပ်၏ တောင်းပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ (၃၅၁) တပ်ရင်း အခြီစိုက်ရာ တောင်ခြီရင်းစခန်းကို ဒေနိ(နိုဗမ်ဘာ ၁၇ရက်နိ)မာ ဗမာပြည်သူ့လွတ်မြောက်ရီးတပ်တော် (BPLA)နန့် ကရင်အမျိုးသားလွတ်မြောက်ရီးတပ်မတော်(KNLA)ရို့က ဝင်ရောက်သိမ်းပိုက်လိုက်ကြောင်း BPLA က ထုတ်ပြန်ပါရေ။
ဒေနိမိုးထပိုင်းကစလို့ BPLA နန့် KNLA ပူးပေါင်းတပ်ဖွဲ့ရေ အဆိုပါစခန်းကို ဝင်ရောက်တိုက်ခိုက်ခရာ မိနစ်(၂၀)ကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိ စခန်းစွန့်ခွာထွက်ဗြီးလားခရေလို့ ဆိုပါရေ။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်ကသီဆုံးမှုအခြေအနီကို အတိအကျမသိရသိမ့်ဘဲ ပူးပေါင်းအဖွဲ့က စခန်းတခုလုံးကို သိမ်းပိုက်ရဟိခရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
တိုက်ပွဲအတွင်း သိမ်းဆည်းရမိရေ လက်နက်ပစ္စည်းတိမာ ၆၀မမ ၁ လက်၊ ၆၀ မမ ဗုံးသီး ၅၂လုံး၊ Jammer ၁ ခု၊ စကားပြောစက် အကြီး ၁ လုံး၊ အီနာဂါ ၁၃လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ RPGသီး ၂၂ လုံး၊ RPG ပိုယမ်း ၁၆ ခု၊ တင့်ဖျက် ၃ ခု၊ ၄၀ မမဗုံးသီး ၁၂လုံး၊ မြီမြှုပ်မိုင်း ၉လုံးနန့် ၅.၅၆ကျည် ၁၁၂၈တောင့်ရို့ ဖြစ်ပါရေ။
BPLA ရေ စစ်အာဏာသျှင်အမြစ်ဖြတ်နိုင်ရီးအတွက် တောင်ပိုင်း အမှတ်(၁၀၇)စစ်ဒေသနန့် မြောက်ပိုင်း အမှတ်(၂၀၃) စစ်ဒေသရို့မာ မဟာမိတ်တိနန့်တတူ ပူးပေါင်းတိုက်ခိုက်ခိုက်လို့ဟိကြောင်း ထုတ်ပြန်ချက်မာ အသိပီးထားပါရေ။
Photo -BPLA