
APM၊ နိုဗမ်ဘာ ၁၇/ ၂၀၂၃
ရက္ခိုင်ပြည်၊ မောင်တောအခြီစိုက် စစ်ကောင်စီ၏ ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို (၂၇) နာရီအတွင်း အပြီးသတ် သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က အေနိ (နိုဗမ်ဘာ ၁၇ ရက်နိ)၊ညဇာ ၄ နာရီ ၃၀ မိနစ်မာ ထုတ်ပြန်ပါရေ။
ထုန်ပြန်ချက်မာ လက်နက်ချအညံ့ခံဖို့ပြောထားကေလေ့ အညံ့မခံရေ စစ်ကောင်စီ၏ မောင်တောအခြီစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်က နိုဗမ်ဘာ (၁၆) ရက်နိ မိုးထ (၁၀)နာရီလောက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခပြီးကေ အေနိ နိုဗမ်ဘာ (၁၇) ရက်၊ နိခင်း (၁) နာရီအချိန်မာ အပြီးသတ် သိမ်းပိုက်နိုင်ခရေ”လို့ဆိုပါရေ။
ဒုံးညိုစခန်းကို ရန်သူ့လက်နက်ကြီးပစ်ကူ၊ လီကြောင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာရွာသွန်းမှုတိကြားက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခခြင်းဖြစ်ပြီးကေ သုံပန်း (၁၈) ဦးကို လက်နက်အလက် (၄၀)၊ ရန်သူ့အလောင်းများစွာနန့်အတူ စစ်အသုံးအဆောင် ပစ္စည်းတိကိုပါ သိမ်းဆည်းရမိခရေလို့ဆိုပါရေ။
ယင်းအပြင် ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း မိမိရို့ဖက်ကကျဆုံး၊ ဒဏ်ရာရသူတချို့ဟိခပြီးကေ စခန်းသိမ်း တိုက်ပွဲကို ဦးဆောင်သူ၊ အကောင်အထည်ဖော် တပ်ဖွဲ့ဝင်တိကို လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်းနန့် ဆက်လက်လို့လည်း လက်နက်ချအညံ့မခံရေစခန်းတိကို တခုပြီးတခု တိုက်ခိုက်လားဖို့ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။

