
APM၊ ဂျန်နဝါရီ ၁၇/၂၀၂၅
အမ်းမြို့နယ်ဖက်က ထွက်ဗြီးလာရေ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်သားတိကို ပိတ်ဆို့တားဆီးခရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ယောက်ကို အရှင်ဖမ်းဆီးရမိခကြောင်း ချင်းကာကွယ်ရီးတပ် – အရှို (CDF-Asho)က ဂျန်နဝါရီ ၁၆ ရက်နိမာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ” ရက္ခိုင်ပြည်၊ အမ်းမြို့နယ်က ထွက်ဗြီးလာရေ စစ်ကောင်စီတပ်သားတိကို ပိတ်ဆို့တားဆီးခရာ (၁၃.၁.၂၀၂၅)မှ (၁၄.၁.၂၀၂၅)အထိ (၂)ရက်အတွင်း စစ်ကောင်စီတပ်သားစုစုပေါင်း ၁၂ ယောက်ကို အရှင်ဖမ်းဆီးရမိခသည်”လို့ ဖော်ပြထားပါရေ။
ယင်းအပြင် လက်နက်ချေ ၁၅ လက်၊ စိန်ပြောင်းတလက်အပါအဝင် ခဲယမ်းနန့် စစ်အသုံးအဆောင်ပစ္စည်းတိကိုလည်း သိမ်းဆည်းရမိခရေလို့ ဆိုပါရေ။
ဂျန်နဝါရီ ၁၃ ရက်နိက အမ်းမြို့နယ်၊ ကြက်ရီစမ်းရွာနားစခန်းက ထွက်ဗြီးလာရေ စစ်ကောင်စီတပ်သား ၅ ယောက်ကို ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးရွာနားမာ တားဆီးပိတ်ဆို့ခါ အသာတကြည် လက်နက်မချလို့ ပစ်ခတ်ဖမ်းဆီးခရာ စစ်ကောင်စီတပ်သား ၅ ယောက်ထဲက ၂ ယောက်စွာ ပြင်းပြင်းထန်ထန်ဒဏ်ရာရလားခရေ လို့ ဖော်ပြထားပါရေ။
ယင်းစစ်ကောင်စီတပ်သား ၂ ယောက်ကို CDF-Asho အနီနန့် အချိန်မီဆီးကုသမှုပီးခကေလေ့ ဆီးကုသနီချိန်အတွင်းမာပင် သီဆုံးလားခရေလို့ သိရပါရေ။
ယင်းအပြင် ဂျန်နဝါရီ ၁၄ ရက်နိကလည်း အမ်းမြို့နယ်၊ တောင်ဇောက်ရွာနားတိုက်ပွဲက ထွက်ဗြီးလာရေ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်ကို ငဖဲမြို့နယ်၊ ရှောက်တောင်ရွာနား (က.ပ.စ- ၁၄)နန့် မီတာ (၂၀၀၀) လောက်အကွာမာ တားဆီးခရာ အသာတကြည် လက်နက်မချလို့ ထိတွိ့တိုက်ပွဲဖြစ်ပွားခပြီးကေ၊ ရန်သူစစ်ကောင်စီဖက်က ၃ ယောက် ပွဲချင်းပြီးသီဆုံးလားကြောင်း၊ ယင်းတိုက်ပွဲအတွင်း ဖွဲ့စည်းပုံပျက်ပနာ ထွက်ဗြီးလွတ်မြောက်နီရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိကို နယ်မြီယှင်းလင်းရီး လုပ်ဆောင်ချိန် စစ်ကောင်စီတပ်သား ၈ ယောက်ကို ထပ်မံ ဖမ်းဆီးရမိခကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
Photo – CDF-Asho







