
APM ၊ ဂျန်နဝါရီ ၁၇ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု အဓမ္မစွပ်စွဲကာ အကြမ်းဖက်မှုတိုက် ဖျက်ရီးဥပဒေပုဒ်မ၅၂(က)နန့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည့် ပုဏ္ဏားကျွန်း၊ အိုင်ဒင်ရွာသား ၁ ယောက်သည် ကုန်ခသည့် ဂျန်နဝါရီ ၁၀ ရက်နိက လွတ်ရက်စိ၍ ပြန်လွတ်လာသည်ဟု သိရသည်။
ပြန်လွတ်လာသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ရွာမှ ကိုနေလင်းဌေး (၂၇ နှစ်)ဖြစ်ပြီး၊ ထောင် ၃ နှစ်ကိုအပြည့်အဝ ကျခံခရပြီးနောက် လွတ်ရက်စိ၍ ထောင်မှ ပြန်လွတ်ကာ နီအိမ်သို့ပြန်ရောက်နီကြောင်း မိသားစုဝင်များက ပြော သည်။
ကိုနေလင်းဌေးနန့်အတူ တရွာတည်းနီ ဦးမောင်စောအေး (၃၃နှစ်) ရို့သည် ကုန်ခသည့် ၂၀၂၀ ပြည့်နှစ်၊ မာ့ချ် ၆ ရက် နိက စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆီးရီးဂိတ်၌ မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခရသည်။
ယင်းနောက် သူရို့နှစ်ယောက်ကို AAနန့်ဆက်စပ်သည်ဟု အဓမ္မစွပ်စွဲကာ စစ်တွေအခြီစိုက် အမှတ်(၉၀၈) စစ်မြီပြင် အင်ဂျင်နီယာ တပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့် တရားလိုလုပ်၍ အကြမ်းဖက်မှု တိုက်ဖျက်ရီးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(ည) ရို့နန့် တရားစွဲဆိုထားခသည်။
ကိုနေလင်းဌေးနန့်ဦးမောင်စောအေးရို့သည်အဖမ်းဆီးခံဘဝဖြင့် အကြမ်းဖက်မှုပုဒ်မများနန့် ၂ နှစ်ကျော်ကြာ တရား ရင်ဆိုင်ခရပြီးနောက် ၅၀(ည) နန့် ငြိစွန်းမှုမဟိဘဲ ၅၂(က)နန့်ရာ ငြိစွန်းသည်ဟုဆိုကာ ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျူလိုင် ၂၀ ရက်နိတွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၃ နှစ် မတရား ချမှတ်ခသည်။
ကိုနေလင်းဌေးနန့်အတူ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသည့် ဦးမောင်စောအေးမှာ အကျဉ်းကျခံနီရစဉ်အတွင်း သီကြောင်းကြံစည်သည်ဟု မတရားစွပ်စွဲကာ ရက်ထပ်တိုး၍ အကျဉ်းကျခံနီရသဖြင့် လာမည့် ဂျန်နဝါရီ ၂၃ ရက်နိမှ ရာ လွတ်မြောက်မည်ဟု သိရသည်။
