APM ၊ ဂျန်နဝါရီ ၁၇ / ၂၀၂၃
တူရကီကလပ်ချက်တာဒွန်းညက်အသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှိလားခသည့် မူဒရက်၏ ပြောင်းရွှိကြေးထဲမှ ပေါင် ၂၂ သန်းကို ယူကရိန်းသို့ လှူဒါန်းလားမည်ဟု ချက်တာဒွန်းညက် ဥက္ကဋ္ဌ Rinat Akhmetov က ပြောကြား လိုက်သည်။
ယူကရိန်းလက်ရွီးစင်ကဇတ်သမား မူဒရက်သည် ဘောလုံးလောကအတွက် ပြောင်းရွှိကြေးစံချိန်တရပ် အနီနန့် ယူရို သန်း ၁၀၀ ဖြင့် ချဲလ်ဆီးအသင်းက ခေါ်ယူခပြီးနောက်၊ အဆိုပါ ပြောင်းရွှိကြေးထဲမှ ပေါင် ၂၂ သန်းကို ယူကရိန်း စစ်ပွဲ၌ Mariupol ကာကွယ်စောင့်ယှောက်သူများနန့် ကျဆုံးစစ်သည်တော်များ၏ မိသားစုများကို ကူညီရန် လှူဒါန်း လားမည်ဟု ချက်တာ ဥက္ကဋ္ဌ Akhmetov က ဆိုသည်။
ယင်းလှူဒါန်းမှုနန့်ပတ်သက်၍ ချက်တာ ဥက္ကဋ္ဌ က “ယူကရိန်းကို ကူညီပီးခကတ်တေ ယဉ်ကျေးရေ ကမ္ဘာကြီးတခု လုံးကို အထူး ကျေးဇူးတင်ပါရေ။ အဂုပိုင် ကြီးမားရေ ပံ့ပိုးကူညီမှုတိကြောင့်လေ့ ဒေနိခါ ယူကရိန်းဘောလုံး အကြောင်းကို ပြောဆိုနိုင်ခပါရေ”ဟု ပြောကြားသည်။
အသက်၂၂ အရွယ် တောင်ပံတိုက်စစ်ကဇတ်သမား မူဒရက်သည် ချဲလ်ဆီးနန့် ၂၀၂၃ ခုနှစ်၊ ဂျုန်လအထိ စာချုပ် ချုပ် ဆိုထားသည်။
ချဲယ်ဆီးအသင်း၏ မူဒရက်ကို ခေါ်ယူခြင်းသည် ဒေဂု ဂျန်နဝါရီအပြောင်း အရွှိဈီးကွက်တွင် ပဉ္စမမြောက် ကဇတ် သမားသစ်ခေါ်ယူမှုလေ့ ဖြစ်သည်။
မူဒရက်ကို ချဲလ်ဆီးမခေါ်ယူခင်မှာ အာဆင်နယ်က ပေါင် ၅၂ သန်းနန့် ပထမကြိမ် ကမ်းလှမ်းခပြီး၊ ချက်တာဒွန်း ညက်ပယ်ချခသောကြောင့်၊ ဒုတိယအကြိမ် ပေါင် ၆၂ သန်းနန့် ထပ်မံ ကမ်းလှမ်းပြန်ရာ ချက်တာဒွန်းညက်က ထပ်မံ၍ ပယ်ချလိုက်ပြီးနောက်ပိုင်း ချဲလ်ဆီးက စုစုပေါင်း ယူရိုသန်း ၁၀၀ ဖြင့် ခေါ်ယူရဟိလားခသည်ဟု သိရသည်။
Source – Mykhailo Mudryk: Shakhtar Donetsk pledge £22m to Ukraine war effort after Chelsea transfer
Photo – BBC