APM ၊ ဂျန်နဝါရီ ၁၇ / ၂၀၂၃
အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်၏ စစ်အင်အားကြီးထွားလာမှုကြောင့် ကာကွယ်ရီးနန့် လုံခြုံရီးကို မြှင့်တင်ရန် ဂျပန်နန့် အိန္ဒိယရို့သည် တိုကျိုမြို့အပြင်ဖက်၌ ပထမဆုံးအကြိမ် လီကြောင်းပူးတွဲ စစ်ရီးလိကျင့်မှုကို တလင်းလာ နိမှာ စတင်ခသည်ဟု ဂျပန်ကာကွယ်ရီးဝန်ကြီးဌာနက ပြောကြားသည်။
ဂျန်နဝါရီ ၂၆ ရက်နိအထိ ပြုလုပ်မည့် အဆိုပါစစ်ရီးလိကျင့်မှုတွင် ဂျပန်လီတပ်မှ F-2 လေးစင်း၊ F-15 လေးစင်း နန့် အိန္ဒိယလီတပ်မှ Su-30MKI တိုက်လီယာဉ် လေးစင်း၊ C-17 သယ်ယူပို့ဆောင်ရီးလီယာဉ် နှစ်စင်းအပြင် ဝေဟင် ဆီဖြည့် ဆီတင်လီယာဉ် IL-78 တစင်းရို့ ပါဝင်သည်ဟု ဆိုထားသည်။
ဒေစစ်ရီးလိကျင့်မှုကို တိုကျို အရှိမြောက်ဖက်ဟိ Ibaraki စီရင်စု Hyakuri လီတပ်စခန်းမှာ ပြုလုပ်ခြင်းဖြစ်ပြီး၊ ယင်း လိကျင့်မှုအတွင်း အိန္ဒိယလီတပ်မှ တပ်ဖွဲ့ဝင် ၁၅၀ လောက် ပါဝင်လိကျင့်လျက်ဟိသည်။
အဂုပိုင် နှစ်နိုင်ငံ ပူးတွဲစစ်ရီးလိကျင့်ရန် ၂၀၁၉ ခုနှစ် နိုဗမ်ဘာလက နယူးဒေလီ၌ ပြုလုပ်ခသည့်“two-plus- two” လုံခြုံရီး အစည်းအဝေးတွင် သဘောတူညီခကတ်ပြီး၊ ကိုဗစ်ကပ်ရောဂါကြောင့် ရပ်ဆိုင်ထားခခြင်းဖြစ်သည်ဟုလေ့ ကျိုဒိုသတင်းဌာနက ဖော်ပြသည်။
ဂျပန်နိုင်ငံအနီနန့် စစ်ရီးလိကျင့်မှုများကို အိမ်သျှင်အဖြစ် လက်ခံကျင်းပရာ၌ အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်နန့် ဂျာမနီရို့ပြီးလျှင် အိန္ဒိယသည် ပဥ္စမမြောက်နိုင်ငံဖြစ်ကြောင်း ဂျပန်ကာကွယ်ရီးဝန်ကြီးဌာနမှ သိရသည်။
Source – Japan, India begin 1st-ever joint fighter drill near Tokyo
Photo – apa