
APM ၊ ဂျန်နဝါရီ ၁၇ / ၂၀၂၃
ရက္ခိုင်ပြည်သို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မည်ဟုဆိုကာ စစ်တွေမြို့ဟိ လမ်း များကို ဒေရက်ပိုင်းအတွင်း အပူတပြင်းပြင်ဆင်မှုများ ပြုလုပ်နီကြောင်း သိရသည်။
လာမည့် ဂျန်နဝါရီ ၁၉ ရက်နိတွင် စကစ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နန့်ထိုင်းစစ်ဦးစီးချုပ် ကိုယ်စား လှယ်အဖွဲ့ရို့ ရက္ခိုင်ပြည်သို့ လာရောက်ကာ နှစ်ဦးနှစ်ဖက် တွိဆုံမည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြင်ဆင်မှုများကို ဝရုန်းသုန်းကား ပြုလုပ်လျက်ဟိသည်။
အဆိုပါခရီးစဉ်ကြောင့် ဒေရက်ပိုင်းအတွင်းစစ်တွေမြို့လမ်းမကြီးကို စည်ပင်သာယာရီးအဖွဲ့မှနိုင်လွန်ကတ္တရာခင်း၍ အပူတပြင်း ပြင်ဆင်နီကတ်သည့်အပြင်၊ စစ်တွေမြိုအနှံ့ လမ်းများကိုလေ့ ယှင်းလင်းပြင်ဆင်မှုများ ဖုတ်ပူမီးတိုက် လုပ်ဆောင်လျက်ဟိကြောင်း မြို့ခံများက ပြောသည်။
ယင်းအပြင် ၎င်းခရီးစဉ်ကြောင့် မေယုလမ်းတလျှောက် လမ်းဘေးဈီးဆိုင်များအပြင် မင်းဘာကြီးလမ်းနန့် ဘီးလူးမ တန်းထား အနားဟိ လမ်းဘေးဈီးဆိုင်များကိုလေ့ ဂျန်နဝါရီ ၁၆ ရက်နိကပင် စည်ပင်သာယာရီးအဖွဲ့မှ လာရောက် ကာ အတင်းအကျပ် ဖြိုဖျက်စီခကြောင်း မြိုခံများ ကဆိုသည်။
ကုန်ခသည့် ရက်ပိုင်းကလေ့ စကစ ဥက္ကဋ္ဌနန့် ထိုင်းစစ်ဦးစီးချုပ်ရို့ တွိဆုံမည်ဟုဆိုကာ သံတွဲနန့်ငပလီက လမ်းဘေး ဈီးဆိုင်များကို စစ်ကောင်စီမှ အတင်းအဓမ္မ ဖျက်သိမ်းခသည့်အပြင်၊ လမ်းများကိုလေ့ သန့်ယှင်းရီးလုပ်၍ ကြောက် လန့်တကြား ပြင်ဆင်ခသိမ့်ကြောင်း ဒွါရာဝတီဒေသခံများက ဆိုသည်။
