APM၊ ဒီဇမ်ဘာ ၁၆/ ၂၀၂၂
မြန်မာပြည်အနှံ့ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နီသည့် မြန် မာစစ်တပ်သည် ၂၀၂၁ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပိုဆိုးလာနီခြင်းနန့် ပတ်သက်၍ ICC အနီနန့် စုံစမ်းစစ်ဆီးရန်လိုအပ်နီပြီး၊မြန်မာစစ် တပ်အပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုဟိလာအောင် မလုပ်နိုင်သိမ့်ဟု ဒီဇမ်ဘာ ၁၅ရက်နိတွင် မြန်မာပြည်ဆိုင်ရာ အထူးအကြံပီးကောင်စီ (SAC-M) က ကြေညာချက်ထုတ်ပြန်လိုက်သည်။
ယင်းသို့ မြန်မာစစ်တပ် အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနီမှုကို နိုင်ငံ တကာရာဇဝတ်ခုံရုံးICC အနီနန့် ရပ် ဆိုင်းလားအောင်လုပ်ရမည်ဖြစ်ပြီး၊၂၀၂၂တနှစ်ပတ်လုံးမြန်မာစစ်တပ်မှလူ့အခွင့်ရေးချိုးဖေါက်မှုများအား တာဝန်ခံမှု၊ တာဝန်ယူမှုဟိအောင် လုပ်မပီးနိုင်ပါက ဆက်လက်ကျူး လွန်နီလိမ့်မည်ဟု ICC၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းအပြင် မြန်မာစစ်ဂေါင်းဆောင်များကျူးလွန်သည့် လူမျိုးတုံးသတ်ဖြတ်မှု (genocide)၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု နန့် စစ်ရာဇဝတ်မှုများကို ချက်ချင်းအရေးယူလာအောင် လုပ် ဆောင်ရန် နိုင်ငံတကာအသိုင်းဝိုင်းတွင်လေ့ တာဝန်ဟိကြောင်း ကြေ ညာချက်တွင် ဖော်ပြထားသည်။