
APM၊ ဒီဇမ်ဘာ ၁၆/၂၀၂၂
၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲမှ ကွာတားအဆင့်ဖြင့် ထွက်ခွာခရသည့် ပေါ်တူဂီအသင်း၏ နည်းပြချုပ် ဖာနန်ဒိုဆန်းတိုစ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် (FPF) ကကြေညာသည်။
ပေါ်တူဂီအသင်းသည် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ၁-၀ နန့်ယှုံးနိမ့်ခပြီးကမ္ဘာ့ဖလားမှထွက်ခွာလာရခြင်းကြောင့်
အဂုပိုင် အသင်း၏နည်းပြချုပ်အား ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ် သည်။
ယင်းအပြင် ပေါ်တူဂီအသင်း နည်းပြချုပ် ဆန်းတိုစ်နန့် အသင်းဂေါင်းဆောင် ရော်နယ်လ်ဒိုရို့အကြား မပြေလည်မှုများဟိကြောင်း သတင်းများ ထွက်ပေါ်လာခသည့် တချိန်တည်းတွင် နောက်ဆုံးပွဲစဉ် ၂ ခု၌ ဆန်းတိုစ်က ရော်နယ်လ်ဒိုကို အရန်လူအဖြစ်နန့် အသုံးပြုခသည့်ဖြစ်စဉ်မျာလေ့ ဟိနီခသည်။
ဇာပိုင်ပင်ဖြစ်ဖြစ် ဆန်းတိုစ်သည် ပေါ်တူဂီအသင်းအတွက် ၂၀၁၆ ဥရောပဖလား ဆွတ်ခူးပီးခပြီး၊ ယင်းဆုဖလားမှာ ပေါ်တူဂီသမိုင်း၌ တခုတည်းသော အထင်ကရဆု ဖြစ်ခသည်။
လက်ဟိတွင် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်သည် နည်းပြချုပ်ဆန်းတိုစ်နီရာကို အစားထိုးရန် ပြင်သစ်ကလပ် လိုင်လီအသင်းမန်နေဂျာ ပေါ်လိုဖွန်ဆီကာ၊ရိုးမားအသင်းမန်နေဂျာမော်ရင်ဟိုရို့ကို စဉ်းစားနီကြောင်းလေ့ သတင်းများထွက်ပေါ်လျက်ဟိသည်။
