
APM၊ ဒီဇမ်ဘာ ၁၆/ ၂၀၂၂
မြန်မာပြည်ငြိမ်းချမ်းရီးအတွက်အာ ဆီယံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို EU အနီနန့် ဆက်လက်အားပီးထောက်ခံလားမည်ဟု ဒီဇမ်ဘာ ၁၄ ရက်နိက ပြုလုပ်သည့် EU – အာဆီယံ ထိပ်သီးအစည်းအဝေးတွင် EU တာဝန်ဟိသူများက ပြောကြားခသည်။
မြန်မာပြည် ပဋိပက္ခများအတွင်း ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ရီးအတွက် ပါဝင်နီသည့် အဖွဲ့အ စည်း အသီးသီးနန့်တွိ့ဆုံဆွေးနွေးရီး၊ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များ ပီးပို့နိုင်ရီးအပါအဝင် မြန်မာပြည်သူရို့၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေယှင်းနိုင်ရန် အာဆီယံ၏ ကြိုးပမ်းချက်များအပေါ် ဥရောပသမဂ္ဂ EU အနီနန့် ဆက်လက် ထောက်ခံအားပီး လားမည်ဟု ဆိုသည်။
မြန်မာပြည်အရေး အာဆီယံသ ဘောတူညီချက် ၅ ရပ်ကို ပြီးခသည့် နိုဗမ်ဘာလက ကျင်းပခသည့် အာဆီယံထိပ်သီး အစည်းအဝေးမှ ချမှတ်ထားသော အချက်အလက်များနန့်အညီ သတ်မှတ်ထားသည့်အချိန်အတွင်း ပြီးစီးအောင်လုပ်ဆောင်ရန် ထိပ်သီးအစည်းအဝေးကနီ ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် တိုက်တွန်းထားသည်။
ယင်းအပြင် မြန်မာပြည်က အခြေအနေများနန့်ပတ်သက်၍ အလွန်တရာ စိုးရိမ်ပူပန်နီဆဲဖြစ်ကြောင်း၊ ပြီးခသည့် ဂျူလိုင်လက ဒီမိုကရေစီအရေးလှုပ်ယှားသူ ၄ ဦးကို စစ်ကောင်စီမှ သီဒဏ်ပီးလိုက်ခြင်းအပေါ် ရှုချကြောင်းလေ့ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
