
APM၊ နိုဗမ်ဘာ ၁၆/၂၀၂၂
မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂြိတ်ချောင်း(မြို)ရွာကို ဒေနိ(နိုဗမ်ဘာ ၁၆ ရက်နိ) နိခင်း ၁၂ နာရီအချိန်၌ စစ်ကောင်စီတပ်၏ ကြိမ်ချောင်း (၂၄) မိုင် ဂိတ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခသဖြင့် အချေများအပါအဝင် လူ ၁၁ ယောက်ထက်မနည်းသီဆုံးပြီး နောက်ထပ် လူ ၃၀ ယောက်ထက်မနည်း ဒဏ်ရာရဟိလားကြောင်း သိရသည်။
အဆိုပါဂြိတ်ချောင်းရွာမှ အလှူပွဲတခုတွင် ထမင်းကျွေးနီစဉ် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ၃ လုံးကျရောက်ပေါက်ကွဲခခြင်းဖြစ်ပြီး သီဆုံးဒဏ်ရာရသူများထဲတွင် အချေအများစုပါဝင်သည်။
လက်ဟိတွင် ဒဏ်ရာရလူနာများကို ကြိမ်ချောင်းဆီးရုံမှတဆင့် လူနာတင်ကားများအသုံးပြုလျက် မောင်တောဆီးရုံသို့ ပို့ဆောင်နီကြောင်း သိရသည်။
ဂြိတ်ချောင်းရွာသည် မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ဂုပ္ပီကျော်လမ်း၌ တည်ဟိပြီး၊ အိမ်ခြီ ၆၀ ကျော်ခန့်ဟိကြောင်း သိဟိရသည်။






