APM၊ နိုဗမ်ဘာ ၁၆/၂၀၂၂
မောင်တောမြို့နယ်၊ ဂြစ်ချောင်း(မြို)ရွာအား စစ်ကောင်စီတပ်ပစ်ခတ်ပြီးနောက် ရက္ခိုင့်တပ်တော် AA ပစ်ခတ်သည်ဟု စစ်ကောင်စီက ထိခိုက်သူများအား ငွေပီး၍ လိမ်ပြောခိုင်းနီသည်။
ဂြစ်ချောင်း(မြို)ရွာအား ဒေနိ(နိုဗမ်ဘာ ၁၆ ရက်နိ) နိခင်း ၁၂ နာရီခန့်၌ စစ်ကောင်စီတပ်၏ ကြိမ်ချောင်း (၂၄) မိုင် ဂိတ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခ၍ အချေများအပါအဝင် လူ ၁၁ ယောက်ထက်မနည်းသီဆုံးခပြီး၊ ၃၀ ခန့် ဒဏ်ရာရလားခသည်။
ဒဏ်ရာရလူနာများကို ကြိမ်ချောင်းတိုက်နယ်ဆီးရုံသို့ ပို့ဆောင်ကုသခကတ်သည်။
ယင်းနောက် ဒေနိနိခင်း ၁ နာရီတွင် စစ်ကောင်စီ၏ ကြိမ်ချောင်း (၂၄) မိုင်ဂိတ်စခန်းမှ ဗျူဟာမှူး ပြည့်စုံအောင်နန့် အောင်စစ်ပြင်အခြီစိုက် နခခ(၇)တပ်မှ ရဲမှူးကြီး ဝင်းမြင့်အောင်ရို့သည် တပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်နန့် ကြိမ်ချောင်းဆီးရုံသို့ ရောက်ဟိလာပြီး ဂြစ်ချောင်း(မြို)ရွာမှ သီဆုံးသူများ၏ မိသားစုများနန့် ဒဏ်ရာလားသူများအတွက် ငွေကျပ် ငါးသိန်းနန့် ဆန် ၁၀ အိတ်ကို ၎င်းကျေးရွာအုပ်ချုပ်ရီးမှူး ဦးရဲကျော်မှ တဆင့်ပီးအပ်ခသည်။
ယင်းသို့ပီးအပ်ရာတွင် ဗျူဟာမှူး ပြည့်စုံအောင်က “အေနိ ဂြစ်ချောင်း(မြို)ရွာကို ကျရောက်သောလက်နက်ကြီးမှာ AA က ပစ်ခတ်သော လက်နက်ကြီးရာဖြစ်ပြီး ၎င်းရို့ဖက်က ပစ်ခတ်ခြင်းမဟုတ်ကြောင်း၊ တခြားလူများ မိန်းလာပါကလေ့ AA ပစ်သည်ဟုရာ ပြောကတ်ရန်” မှာကြားလားခသည်။
ဂြစ်ချောင်း(မြို)ရွာသည် မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ဂုပ္ပီကျော်လမ်း၌ တည်ဟိပြီး၊ အိမ်ခြီ ၆၀ ကျော်ဟိကြောင်း သိဟိရသည်။