APM၊ နိုဗမ်ဘာ ၁၆/၂၀၂၂
ရသေ့တောင်မြို့နယ်တွင် ဒေနိ(နိုဗမ်ဘာ ၁၆ ရက်နိ) မိုးထ ၉ နာရီခန့်၌ စပါးရိတ်သိမ်းနီသည့် လယ်သမားများကို စစ်ကောင်စီတပ် စခန်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ လယ်သမားများမှာ စပါးရိတ်ယင်း တန်းလန်းနန့် ထွက်ဗြီးလာကတ်ရကြောင်းသိရသည်။
ရသေ့တောင်မြို့နယ် င/စံဘော်ရွာမှ လယ်သမားတဦးဖြစ်သူ ဦးမောင်ဘသိန်း (၅၈နှစ်)သည် ၎င်း၏ လယ်၌ စပါးများ ရိတ်သိမ်းနီ ချိန်တွင် ရသေ့တောင်မြို့နယ် ရီစိုးချောင်းအခြီစိုက် စစ်ကောင်စီတပ် တပ်မ(၂၂) လက်အောက်ခံ ခမရ (၂၀၂) တပ်ရင်း၊ မညှင်းတောင် တပ်စခန်းမှ လက်နက်ငယ်ဖြင့် (၇) ချက် ပစ်ခတ်သည်။
ယင်းသို့ စစ်ကောင်စီတပ်၏ လူမဆန်စွာ ပစ်ခတ်မှုကြောင့် ဦးမောင်ဘသိန်းမှာ စပါးဆက်မရိတ်ခဝံ့ဘဲ ထွက်ဗြီးလာရကြောင်း သိရသည်။
နိုဗမ်ဘာ ၁၄ ရက်နိကလေ့ ရသေ့တောင်မြို့နယ် ပြိန်းတောရွာမှ လယ်သမားတဦးဖြစ်သူ ဦးသာမြအောင်(၆၆နှစ်)သည် ၎င်း ပိုင်ဆိုင် သည့်လယ်၌ လူ ၄ ယောက်ဖြင့် ရိတ်သိမ်းနီစဉ် အဆိုပါ စစ်ကောင်စီတပ်၊ မညှင်းတောင်တပ်စခန်းမှ လက်နက်ငယ်များဖြင့် အချက် (၂၀) ခန့် ပစ်ခတ်ခ၍ စပါးရိတ်သိမ်းနီသူများမှာ ဆက်မရိတ်ဝံ့ဘဲ ထွက်ဗြီးလာခရသည်။
အလားတူ နိုဗမ်ဘာ ၁၄ ရက်နိတရက်တည်းမှာပင် ယင်း မညှင်းတောင်အခြီစိုက် စစ်ကောင်စီတပ်စခန်းသည် ရသေ့တောင်မြို့နယ် အောင်ဇေယျရွာအနား၌ စပါးရိတ်သိမ်းနီကတ်သည့် လယ်သမားများအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခသည့်အပြင် နောက်ထပ် လာရိတ်ပါက “လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မည်”ဟု ခြိမ်းခြောက်ပြောဆိုသဖြင့် အဆိုပါလယ်သမားများမှာ စပါးဆက် မရိတ်ဝံ့ ဘဲ ထွက်ဗြီးလာခရကြောင်းလေ့ သိရသည်။
ရက္ခိုင်ပြည်၌ စစ်ကောင်စီတပ်သည် ရက္ခိုင်ပြည်သူလူထု အငတ်ဖီးစီရန် တသိတမင်ရည်ရွယ်ကာ ရက္ခိုင် လယ်သမားများအား ရက္ခိုင် ရို့ပိုင်ဆိုင်သော လယ်မြီများ၌ စပါးမရိတ်သိမ်းနိုင်အောင် လက်နက်ကြီး၊ငယ်များဖြင့် လူမဆန်စွာ ပစ်ခတ်နီသည့် တချိန်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင်လယ်သမားများပိုင်ဆိုင်သည့် လယ်ယာများ၌ ပိုင်သျှင်ခွင့်ပြုချက်မရဘဲ စပါးများကို ခိုးရိတ် လျက်ဟိကြောင်း ခိုင်လုံသော သက်သီအထောက်အထားများအရ သိရသည်။